ဒိန်းမတ်-မြန်မာအစီအစဉ်အရ စတုတ္ထအကြိမ်မြောက် ဦးဆောင်ကော်မတီအစည်းအဝေးကျင်းပခြင်း - ဒိန်းမတ်-မြန်မာအစီအစဉ်အရ စတုတ္ထအကြိမ်မြောက် ဦးဆောင်ကော်မတီအစည်းအဝေးကျင်းပခြင်း

ဒိန်းမတ်-မြန်မာအစီအစဉ်အရ စတုတ္ထအကြိမ်မြောက် ဦးဆောင်ကော်မတီအစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်/ နေပြည်တော် / December 06, 2018


ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ စတုတ္ထအကြိမ်မြောက် ဦးဆောင်ကော်မတီအစည်းအဝေး(4th Steering Committee Meeting) ကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ဒိန်းမတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. John Nielsen ဦးဆောင်သည့်အဖွဲ့၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဒိန်းမတ်-မြန်မာ အစီအစဉ် ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံတို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ၏ သက်ဆိုင်ရာနယ်ပယ်များတွင် ၂၀၁၈ ခုနှစ်၊ လုပ်ငန်းအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဆက်လက်ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အထူးသတင်း
  • အာဆီယံနိုင်ငံများ အားကစားရည်မှန်းချက် ၂၀၁၆-၂၀၂၀ နှစ်ဝက်ပိုင်းကာလ ပြန်လည် သုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် video clip ပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်း
  •           
  • ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဆင်းသက်စဉ် မတော်တဆမှုဖြစ်ပွား လေယာဉ်ကိုယ်ထည်နှင့် တောင်ပံနှစ်ဖက်ကျိုးပဲ့ ပျက်စီး၊ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိ
  •