ကော့သောင်းမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၇ ဦး ပြန်လည်ဝင်ရောက်မှု - ကော့သောင်းမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၇ ဦး ပြန်လည်ဝင်ရောက်မှု

ကော့သောင်းမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၇ ဦး ပြန်လည်ဝင်ရောက်မှု

ပြည်ထဲရေးဝန်ကြီးဌာန/ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော် / December 07, 2018
ကော့သောင်းမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၇ ဦး ပြန်လည်ဝင်ရောက်မှု


ကော့သောင်းမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၇ ဦး ပြန်လည်ဝင်ရောက်မှု

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ ၇
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့် မညီညွတ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက်ဂိတ် အသီးသီးမှ ပြန်လည်ဝင်ရောက်လာလျက်ရှိရာ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ ၀၉၀၀ အချိန်မှ ၁၈၀၀ အချိန်ထိ ကော့သောင်းမြို့ မြို့မတံတားမှ ၄၇ ဦး(ကျား ၄၀၊မ ၇)တို့ ပြန်လည်ဝင်ရောက်လာခဲ့ပါသည်။


၎င်းတို့ထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက်အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတုများအား စိစစ်ရှာဖွေခြင်း နှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့နေရပ် အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

အထူးသတင်း
  • အာဆီယံနိုင်ငံများ အားကစားရည်မှန်းချက် ၂၀၁၆-၂၀၂၀ နှစ်ဝက်ပိုင်းကာလ ပြန်လည် သုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် video clip ပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်း
  •           
  • ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဆင်းသက်စဉ် မတော်တဆမှုဖြစ်ပွား လေယာဉ်ကိုယ်ထည်နှင့် တောင်ပံနှစ်ဖက်ကျိုးပဲ့ ပျက်စီး၊ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိ
  •