နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ - နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 06, 2018


(၆-၁၂-၂၀၁၈ ရက်၊ နေပြည်တော်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E. Mr. Christian Lechervy အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့၊ ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ပြင်သစ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ အထူးသဖြင့် စိုက်ပျိုးရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု၊ အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် စွမ်းအင်ကဏ္ဍတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

အထူးသတင်း
  • လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ခြင်း အခမ်းအနားကျင်းပ
  •           
  • ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း MYPOL မှ Dr. Albrecht Schnabel အား တွေ့ဆုံ
  •           
  • ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လုံ၊ လဲချား၊ မိုင်းရှူးမြို့နယ်တို့၌ ဘိန်းခင်းများဖျက်ဆီးမှု
  •