အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များနှင့် ခါးပတ်မပတ်ဘဲမောင်းနှင်သော ယာဉ်များအား အရေးယူမှု - အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များနှင့် ခါးပတ်မပတ်ဘဲမောင်းနှင်သော ယာဉ်များအား အရေးယူမှု

အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များနှင့် ခါးပတ်မပတ်ဘဲမောင်းနှင်သော ယာဉ်များအား အရေးယူမှု

ပြည်ထဲရေးဝန်ကြီးဌာန/ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော် / December 07, 2018
အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များနှင့် ခါးပတ်မပတ်ဘဲမောင်းနှင်သော ယာဉ်များအား အရေးယူမှု


အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များနှင့် ခါးပတ်မပတ်ဘဲမောင်းနှင်သော ယာဉ်များအား အရေးယူမှု

အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ အရေးယူမှု

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော မော်တော်ယာဉ် များအား စစ်ဆေးအရေးယူလျက်ရှိရာ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ ၁၈၀၀ အချိန်မှ ဒီဇင်ဘာလ ၆ ရက်နေ့ ၁၇၀၀ အချိန်ထိ မိုင်တိုင်(၂၀၁) နေပြည်တော် တိုးဂိတ်၌ မော်တော်ယာဉ် ၁၃ စီး၊ လှည်းကူး မြို့နယ် အမှတ်(၃)လမ်းဆုံ တိုးဂိတ်၌ မော်တော်ယာဉ် ၁၁ စီး၊ ဖြူးမြို့နယ် ဖြူးတိုးဂိတ်၌ မော်တော် ယာဉ် ၁၅ စီး၊ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၈ စီး၊ တံတားဦးမြို့နယ် စကားအင်း တိုးဂိတ်၌ မော်တော်ယာဉ် ၆ စီး၊ ဘောနတ်ကြီးမီနီတိုးဂိတ်၌ မော်တော်ယာဉ် ၁ စီးဖမ်းဆီးခဲ့ပြီး ယာဉ် စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

အမြန်လမ်း၌ ခါးပတ်မပတ်ဘဲမောင်းနှင်သောယာဉ်များ အရေးယူမှု

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ခါးပတ်မပတ်ဘဲမောင်းနှင်သော မော်တော်ယာဉ်များအား စစ်ဆေးအရေးယူလျက်ရှိရာ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ ၁၈၀၀ အချိန်မှ ၆ ရက်နေ့ ၁၇၀၀ အချိန်ထိ တံတားဦးမြို့နယ်၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၂ စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

အထူးသတင်း
  • နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ ရေပေးဝေရေးလုပ်ငန်းမှ စီးပွားရေးလုပ်ငန်းသုံးရေမီတာများအား ရေဖိုးရေခပြောင်းလဲကောက်ခံမည်
  •