ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၆/၂၀၁၈)အစည်းအဝေးကျင်းပ - ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၆/၂၀၁၈)အစည်းအဝေးကျင်းပ

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၆/၂၀၁၈)အစည်းအဝေးကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့/ kayin state / December 07, 2018


ဘားအံ ဒီဇင်ဘာ ၆
 ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ ၆ ရက်နေ့ နေ့လည် ၁ နာရီအချိန်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် Vantage Myawaddy Company Limited (အောင်မြေမြဝတီကုမ္ပဏီလီမိတက်)၏ အဆင့်မြင့် ဟိုတယ်တည်ဆောက်လုပ်ကိုင်ခြင်း လုပ်ငန်း(၁)ခုအား အတည်ပြုမိန့်ထုတ်ပေးရန် ကော်မတီမှ ခွင့်ပြုပေးခဲ့သည်။
  အဆိုပါလုပ်ငန်းသည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ မြေဧရိယာ စုစုပေါင်း( ၀ ဒသမ ၄၁၅ ဧက) ပေါ်တွင် မတည်ငွေရင်း ပမာဏ ကျပ် ၁၆၀၀ သန်းဖြင့် ဆောင်ရွက်သွားမည့်လုပ်ငန်းဖြစ်ပြီး ဒေသခံပြည်သူအလုပ်အကိုင်အခွင့်အလမ်း ၈၃ နေရာ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အထူးသတင်း
  • နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ ရေပေးဝေရေးလုပ်ငန်းမှ စီးပွားရေးလုပ်ငန်းသုံးရေမီတာများအား ရေဖိုးရေခပြောင်းလဲကောက်ခံမည်
  •