မူလတန်းအဆင့် ဘောလုံးနှင့် ဂီတအကယ်ဒမီ အခြေခံသင်တန်းကို ဘားအံမြို့တွင် ပထမဦးဆုံးအကြိမ် ပြုလုပ် - မူလတန်းအဆင့် ဘောလုံးနှင့် ဂီတအကယ်ဒမီ အခြေခံသင်တန်းကို ဘားအံမြို့တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်

မူလတန်းအဆင့် ဘောလုံးနှင့် ဂီတအကယ်ဒမီ အခြေခံသင်တန်းကို ဘားအံမြို့တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်

ကရင်ပြည်နယ်အစိုးရအဖွဲ့/ kayin state / December 07, 2018


ဘားအံ - ဒီဇင်ဘာ ၇
  ကရင်ပြည်နယ်ရှိ မြို့နယ်(၇)မြို့နယ်အနက် ဘားအံမြို့၌ ပထမဦးဆုံးအကြိမ် ပြုလုပ်သည့် မူလတန်းအဆင့် ဘောလုံးနှင့် ဂီတအကယ်ဒမီ အခြေခံသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ(၇) ရက်နေ့၊ နံနက်(၉)နာရီက အမှတ်(၂)အခြေခံ ပညာအထက်တန်း ကျောင်းတွင် ပြုလုပ်သည်။
 ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌဦးစောချစ်ခင်က အမှာစကားပြောကြားသည်။ထို့နောက် Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီမှဦးတင့်နိုင်ထွဋ်က သင်တန်းဖြစ်မြောက်ရေးအတွက် ကူညီထောက်ပံ့ပေးရ ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ သင်တန်းဖြစ်ဖြစ်မြောက်ရေးအတွက် အလှူငွေများ ပေးအပ်ရာ UHM Familyကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းအောင်ရွှေက သိန်း(၅၀)၊Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီမှ(၃၃၆၅၀၀၀)ကျပ်၊Myanmar Creative Institute ကုမ္ပဏီမှ (၁၀)သိန်းတို့ကိုပေးအပ်ရာ သင်တန်းကြီးကြပ်ရေးကော်မတီဥက္ကဌဆရာမဒေါ်နော်မေရီယံက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။
  အဆိုပါမူလတန်းအဆင့် ဘောလုံးအကယ်ဒမီနှင့်ဂီတအကယ်ဒမီ အခြေခံသင်တန်းဖြစ်မြောက်ရေးအတွက် အလှူရှင်များ၏ကူညီမှုများဖြင့် မူလတန်းကျောင်းသားအရွယ်မှစတင်ကာ ဘောလုံးအားကစားစွမ်းရည်နှင့် ဂီတပညာစွမ်းရည် မြင့်မားလာစေရေးအတွက် မူလတန်းအဆင့် ကျောင်းသား(၃၀)ဦးအား နည်းပြများက စာသင်ချိန် မထိခိုက် စေပဲ သင်ကြားပေး သွားမည်ဖြစ်ကြောင်းသိရသည်။

အထူးသတင်း
  • လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ခြင်း အခမ်းအနားကျင်းပ
  •           
  • ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း MYPOL မှ Dr. Albrecht Schnabel အား တွေ့ဆုံ
  •           
  • ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လုံ၊ လဲချား၊ မိုင်းရှူးမြို့နယ်တို့၌ ဘိန်းခင်းများဖျက်ဆီးမှု
  •