၇၂နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများနှင့် ဖျော်ဖြေတင်ဆက်ရန်အတွက် ယဉ်ကျေးမှုကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ - ၇၂နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများနှင့် ဖျော်ဖြေတင်ဆက်ရန်အတွက် ယဉ်ကျေးမှုကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

၇၂နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများနှင့် ဖျော်ဖြေတင်ဆက်ရန်အတွက် ယဉ်ကျေးမှုကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန/ နေပြည်တော်၊ ဇန်နဝါရီလ ၈ ရက် / January 11, 2019


(၇၂)နှစ်မြောက်ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကများနှင့် ဖျော်ဖြေတင်ဆက်ရန်အတွက် ပြည်ထောင်စုနေ့ ညစာစားပွဲဖျော်ဖြေရေးဆပ်ကော်မတီ၏ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ၈.၁.၂၀၁၉ ရက်နေ့ ၁၃၀၀ နာရီအချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ညှိနှိုင်းအစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်များမှ ယဉ်ကျေးမှုကိုယ်စားလှယ်များနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင်လုံခြုံရေးကိစ္စရပ်များ၊ ဖိတ်ကြားရေးကိစ္စရပ်များ၊ ကြိုဆိုနေရာချထားရေးကိစ္စရပ်များ၊ အခမ်းအနားပြင်ဆင်ရေးကိစ္စရပ်များ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကိစ္စရပ်များ၊ ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကိစ္စရပ်များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရေဒီယိုနှင့် ရုပ်မြင်အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ရေးကိစ္စရပ်များအပါအဝင်ဆပ်ကော်မတီ၏ အဓိကတာဝန်ဖြစ်သော ဖျော်ဖြေရေးအစီအစဉ်များကို အဆင်ပြေချောမွေ့စွာ၊ ခမ်းနားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် ဆပ်ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

အထူးသတင်း
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်လှစ်
  •           
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ
  •           
  • စတုတ္ထအကြိမ် Animation Workshop သို့ လူငယ် ၅၀ ကျော် စိတ်ဝင်စားစွာတက်ရောက်ခဲ့
  •           
  • အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်များ AA အဖွဲ့ လုပ်ဆောင်လာ
  •