လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခဲ့သော မေးခွန်းများအနက် ကတိကဝတ်အကျုံးဝင်မေးခွန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအားညှိနှိုင်း - လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခဲ့သော မေးခွန်းများအနက် ကတိကဝတ်အကျုံးဝင်မေးခွန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအားညှိနှိုင်း

လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခဲ့သော မေးခွန်းများအနက် ကတိကဝတ်အကျုံးဝင်မေးခွန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအားညှိနှိုင်း

Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / January 11, 2019


ဘားအံ - ဇန်နဝါရီ(၉)
 ကရင်ပြည်နယ်လွှတ်တော်၏ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးများနှင့် အထူးအစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခဲ့သော မေးခွန်းများအနက် ကတိကဝတ် အကျုံးဝင်မေးခွန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ(၉)ရက်နေ့၊ နံနက်(၁၀)နာရီက ကရင်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
 ဦးစွာ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်က အမှာစကားပြောကြားပြီး ကော်မတီဥက္ကဌက နှုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက်လက်၍ သက်ဆိုင်ရာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့နှင့်သက်ဆိုင်သော ကတိဖြစ်မေးခွန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ မိမိတို့နှင့်သက်ဆိုင်သော ကတိဖြစ်မေးခွန်းများနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းကြသည်။
 အဆိုပါညှိနှိုင်းအစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးများနှင့် အထူးအစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခဲ့သော မေးခွန်းများအနက် ကတိကဝတ် အကျုံးဝင်ကြယ်ပွင့်ပြမေးခွန်း (၈၃)ခုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများက ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •