တက္ကသိုလ်ဝင်တန်းအင်္ဂလိပ်စာဖြေဆိုနည်းလမ်းညွှန်နှင့်ပတ်သက်ပြီး အထောက်အကူပြုစေရေး ပို့ချ - တက္ကသိုလ်ဝင်တန်းအင်္ဂလိပ်စာဖြေဆိုနည်းလမ်းညွှန်နှင့်ပတ်သက်ပြီး အထောက်အကူပြုစေရေး ပို့ချ

တက္ကသိုလ်ဝင်တန်းအင်္ဂလိပ်စာဖြေဆိုနည်းလမ်းညွှန်နှင့်ပတ်သက်ပြီး အထောက်အကူပြုစေရေး ပို့ချ

ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / January 11, 2019


ဘားအံ ဇန်နဝါရီ(၉)
 ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၁၈-၂၀၁၉ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုရမည့် ကျောင်းသား/ကျောင်းသူများ အထောက်အကူပြုဖြေဆိုနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တက္ကသိုလ်ဝင်တန်းအင်္ဂလိပ်စာဖြေဆိုနည်းလမ်းညွှန်များအား ပို့ချသင်ကြားခြင်းကို ဇန်နဝါရီလ(၉)ရက်နေ့၊ နေ့လည်(၂)နာရီက ဘားအံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမတွင် ပြုလုပ်ရာ သင်ကြားပို့ချရာသို့ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
 ၂၀၁၈-၂၀၁၉ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအင်္ဂလိပ်စာဖြေဆိုနည်းလမ်းညွှန်များနှင့်ပတ်သက်ပြီး ကျောင်းသား/ကျောင်းသူများ အခက်အခဲမရှိစေရေး ကြိုတင်သိထားနိုင်ရေးအတွက် ဆရာကြီးဦးနေအုပ်(စိန်ပေါလ်)(အင်္ဂလိပ်စာပါမောက္ခငြိမ်း)၊ သင်္ဃန်းကျွန်းမှ လာရောက်ပို့ချရာ ဘားအံမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၅)ကျောင်း အင်္ဂလိပ်စာပြဆရာ/ ဆရာမများ၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ဖြေဆိုရမည့် အင်္ဂလိပ်စာမေးခွန်း ပုံစံသစ်နှင့်ပတ်သက်၍ မေးခွန်းနာလည်ရန် ဖတ်ရှုလေ့လာနည်း၊ အမှတ်ရရှိအောင် ဖြေဆိုနည်းများကို တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ပို့ချသင်ကြားခဲ့ကြောင်း သိရသည်။

 

အထူးသတင်း
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်လှစ်
  •           
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ
  •           
  • စတုတ္ထအကြိမ် Animation Workshop သို့ လူငယ် ၅၀ ကျော် စိတ်ဝင်စားစွာတက်ရောက်ခဲ့
  •           
  • အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်များ AA အဖွဲ့ လုပ်ဆောင်လာ
  •