မြန်မာ-ဂျပန် ဂီတပွဲတော် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ကျင်းပမည် - မြန်မာ-ဂျပန် ဂီတပွဲတော် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ကျင်းပမည်

မြန်မာ-ဂျပန် ဂီတပွဲတော် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ကျင်းပမည်

ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန် / January 11, 2019
image_latest


ရန်ကုန် ဇန်နဝါရီ ၁၀

မြန်မာ-ဂျပန်ဂီတပွဲတော် ''Myanmar National Symphony Orchestrawith Japan Concert 2019''ကို မြန်မာ့ရိုးရာဆိုင်း အပါအဝင် ဂျပန်ရိုးရာဂီတများဖြင့် ရန်ကုန်မြို့၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ ဆီဒိုးနားဟိုတယ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
နှစ်စဉ်ကျင်းပလေ့ရှိသည့် အဆိုပါ ဂီတပွဲတော်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကဦးစီး၍ ၂၀၁၈ ခုနှစ်မှ ကြိုတင် ပြင်ဆင်ထားပြီး မြန်မာ့အသံမှ ဂီတပညာရှင် ၆၀ အပါအဝင် မြန်မာ့ရိုးရာဆိုင်းနှင့် Music Band မှ ဂီတပညာရှင်များနှင့် ဂျပန်နိုင်ငံမှ ဂီတပညာရှင်များ ဂီတပညာရှင် စုစုပေါင်း ၁၂၀ ကျော် ပါဝင်တင်ဆက်ကြမည် ဖြစ်ကြောင်းMRTV ဂီတဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးကျော်က ပြောကြားသည်။
ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်)မှ ညွှန်ကြားရေးမှူး Mr. Koji Sato က ပူးပေါင်းဖျော်ဖြေတင်ဆက်သွားရန် ၁၈ ကြိမ်မျှ လေ့ကျင့်သင်ကြားပေးပြီး သုံးညကျင်းပသွားမည်ဖြစ်ကြောင်း၊ ဂီတချစ်မြတ်နိုးသူများ လာရောက်ကြည့်ရှုစေလိုကြောင်း ပြောကြားသည်။
နိုင်ငံတော်သံစုံတီးဝိုင်း၏ ဂီတမှူး၊ ဆယ်လိုတီးခတ်သူ မစ္စတာယာမာမိုတိုယုနိစကဲ၊ မြန်မာနိုင်ငံတော် သံစုံတီးဝိုင်း အကြံပေးဖြစ်သူ စန္ဒရားပညာရှင် မစ္စခိုယာမာကျိုကိုနှင့် Kuroda Reison၊ Ajima Mihoko၊ Kamiya Shunichiro တို့က ယခုပွဲတွင် ပူးပေါင်းတင်ဆက်မည်ဖြစ်ပြီး နားပန်းဆံနှင့် ရွှေဘိုသနပ်ခါးအပါအဝင် အနောက်တိုင်းနှင့် ဂျပန်သံစဉ်များ ဂန္ထဝင်သီချင်းများ ပါဝင်ကြောင်းသိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဂျပန်သံရုံး၊ ဂျပန်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ဇန်နဝါရီ ၁၈ ရက် တွင်လည်းကောင်း၊ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂) MICC-2 ၌ ဇန်နဝါရီ ၂၃ ရက်တွင်လည်းကောင်း၊ မန္တလေးမြို့ရှိ အမျိုးသားဇာတ်ရုံ၌ ဖေဖော်ဝါရီ ၁၄ ရက်တွင် လည်းကောင်း ညနေ ၆ နာရီမှ စတင်ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဂီတပွဲတော်ကို ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ်(၁)ရှိ ဇန်နဝါရီ ၂၄ ရက်တွင် ဖွင့်လှစ်မည့် ဂျပန်ဖောင်ဒေးရှင်း ရုံးသစ်ဖွင့်ပွဲ အထိမ်းအမှတ်နှင့် Mekong-JapanExchange Year 2019 အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ဂျပန် နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ကိုးသောင်းတန် ဂီတတူရိယာ ၁၉ မျိုးကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
 

အထူးသတင်း
  • ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၈၁၄၃ သန်း ဆောင်ရွက်နိုင်၊ ယခင်ဘဏ္ဍာနှစ်ကာလ တူထက် အမေရိကန်ဒေါ်လာ ၁၂၆ သန်း ပိုမို ဆောင်ရွက်နိုင်ခဲ့
  •           
  • နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ ရေပေးဝေရေးလုပ်ငန်းမှ စီးပွားရေးလုပ်ငန်းသုံးရေမီတာများအား ရေဖိုးရေခပြောင်းလဲကောက်ခံမည်
  •           
  • ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်အထိ မူးယစ်ဆေးဝါးအမှု ၂၁၉ မှု ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။
  •           
  • လေရှီးမြို့၌ ၂ဝ၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
  •