ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 11, 2019
image_latest


နေပြည်တော် ဇန်နဝါရီ ၁၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာန (၁၂)ခုမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ယခုအစည်းအဝေးမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်ပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြမည့် ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) ကို ရေးဆွဲခဲ့ကြောင်း၊ မဟာဗျူဟာစီမံကိန်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ၏ ရွေးကောက်ပွဲအလွန် အကြံပြုချက်များအပေါ် သုံးသပ်ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ မဟာ ဗျူဟာ စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန များ၏ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍမှာ အရေးကြီးပါကြောင်း၊ ကော်မရှင် အနေဖြင့် မဲစာရင်းပြုစုခြင်း လုပ်ငန်းများကို ၂၀၁၉ ခုနှစ်မှ စတင်ဆောင်ရွက်လျက်ရှိပြီး ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့က သုံးဦးသုံးဖလှယ် ဆောင်ရွက်မှသာ မှန်ကန်သည့် မဲစာရင်းရရှိမည် ဖြစ်ကြောင်း။

ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းများ ဆောင်ရွက်ရာတွင် စံ(၅)ချက်ဖြစ်သည့် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေး ဆောင်ရွက် လျက်ရှိရာ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် အဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာနများမှ ဝန်ထမ်းများအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈၅ တွင် ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများတွင် အဖွဲ့ဝင်အဖြစ်သော်လည်းကောင်း၊ ရွေးကောက်ပွဲတာဝန်များကို ထမ်းဆောင်သော ဝန်ထမ်းအဖြစ်သော်လည်းကောင်း ပါဝင်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း။

အလားတူသက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၇ တွင် တရားဝင်အပ်နှင်း ထားသော လုပ်ပိုင်ခွင့်အရ ဥပဒေနှင့်အညီ မိမိတာဝန်ကိုသဘောရိုးဖြင့် စွမ်းဆောင်နိုင်သမျှ ထမ်းဆောင်သော ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ယင်းတို့၏ အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲခုံအဖွဲ့နှင့် ရွေးကောက်ပွဲခုံ အဖွဲ့ဝင်များ၊ မဲရုံမှူး အပါ အဝင်မဲရုံ အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များအတွက် တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှု ကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်း မခံထိုက်စေရဟု ပြဋ္ဌာန်းထားသည့်အတွက် ရွေးကောက်ပွဲ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ရဲရဲတင်းတင်း မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေလိုကြောင်း၊ မဟာဗျူဟာ စီမံကိန်းတွင် အခန်း(၁၁)ခန်းပါဝင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ကူညီဆောင်ရွက် ရမည့် ကဏ္ဍများကို သိရှိနေရန်အတွက် ကြိုတင်ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် အပြည့်အဝ ပူးပေါင်းကူညီ ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ထားမှုများနှင့် မဟာဗျူဟာ စီမံကိန်းပါအခန်းများနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူ များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးအကြံပြုကြသည်။ ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

အထူးသတင်း
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်လှစ်
  •           
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ
  •           
  • စတုတ္ထအကြိမ် Animation Workshop သို့ လူငယ် ၅၀ ကျော် စိတ်ဝင်စားစွာတက်ရောက်ခဲ့
  •           
  • အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်များ AA အဖွဲ့ လုပ်ဆောင်လာ
  •