မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နေ့ကလေးထိန်းကျောင်း ဖွင့်ပွဲအခမ်းအနားကျင်းပ - မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နေ့ကလေးထိန်းကျောင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နေ့ကလေးထိန်းကျောင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 11, 2019
image_latest


နေပြည်တော် ဇန်နဝါရီ ၁၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်ဇနီး ဒေါ်ခိုင်နွယ်ဦးတို့သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ဖွင့်လှစ်သည့် နေ့ကလေးထိန်းကျောင်းဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးဦးအောင်လှထွန်းနှင့် ဇနီးဒေါ်ခင်ညွှန့်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် ဇနီးဒေါ်မိုးစန္ဒာမြင့်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စမ်းစမ်းအေးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ထွေးနှင့် ဒေါက်တာ စမ်းစမ်းအေးတို့က နေ့ကလေးထိန်းကျောင်းအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက်အခမ်းအနား တက်ရောက်လာကြသူများကို နေ့ကလေးထိန်းကျောင်းမှ ကလေး ငယ်များက ကဗျာများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဇနီးနှင့် တာဝန်ရှိသူများ ကနေ့ ကလေးထိန်းကျောင်းရှိ ကလေးငယ် များအား ကစားစရာအရုပ်များ ပေးအပ်ကာ ကလေးငယ်များအား နေ့လယ်စာ ကျွေးမွေးရန် ပြင်ဆင်ထားရှိမှု၊ နေ့ကလေးထိန်းကျောင်းအတွင်း ကလေးငယ်များအတွက် ကစားစရာများနှင့် အသုံး အဆောင်ပစ္စည်များ ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုသည်။

အဆိုပါ နေ့ကလေးထိန်းကျောင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းမိသားစုများ၏ ကလေးများကို ကြည့်ရှု စောင့်ရှောက်ပေးလျက်ရှိပြီးအသက် ၁ နှစ်ဝန်း ကျင်ကလေး ၁၂ ဦး၊ အသက် ၂ နှစ်ဝန်းကျင် ကလေး ၁၈ ဦး၊ အသက် ၃ နှစ်ဝန်းကျင် ကလေး ၂၁ ဦး၊ အသက် ၄ နှစ်ဝန်းကျင် ကလေး ၅ ဦးစုစုပေါင်းကလေး ၅၆ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

အထူးသတင်း
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်လှစ်
  •           
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ
  •           
  • စတုတ္ထအကြိမ် Animation Workshop သို့ လူငယ် ၅၀ ကျော် စိတ်ဝင်စားစွာတက်ရောက်ခဲ့
  •           
  • အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်များ AA အဖွဲ့ လုပ်ဆောင်လာ
  •