ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် အမေရိကန်နိုင်ငံသံအမတ်ကြီးတို့တွေ့ဆုံ - ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် အမေရိကန်နိုင်ငံသံအမတ်ကြီးတို့တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် အမေရိကန်နိုင်ငံသံအမတ်ကြီးတို့တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 11, 2019
image_latest


နေပြည်တော် ဇန်နဝါရီ ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E. Mr. Scot Alan Marciel တို့သည် ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈) ပြဌာန်းဆောင်ရွက်နေမှုများ၊ ထိုသို့ဆောင်ရွက်ရာတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ခွင့်ပြုချက်မရရှိမီ ဆောင်ရွက် ပြီးနေသည့် မြေများနှင့်ပတ်သက်၍ အမှန်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသူများအနေဖြင့် မြေကိုတရားဝင် ပိုင်ဆိုင်ပြီး ဆက်လက်  တိုးချဲ့ လုပ်ကိုင်နိုင်ရေးအတွက် ဌာနမှကူညီပံ့ပိုး ဆောင်ရွက်ပေးနေမှုများ၊ မြေယာ စီမံခန့်ခွဲမှု အပါအဝင် လယ်ယာကဏ္ဍဆိုင်ရာ နည်းပညာများနှင့် အကြံဉာဏ်များ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ၊ စိုက်ခင်းများတွင် ငမြှောင်တောင်ပိုး ကျရောက်လျက်ရှိသော ကိစ္စရပ်နှင့် အသေးစားချေးငွေဆိုင်ရာ ကိစ္စများကို ဆွေးနွေးကြသည်။

(မောင်မင်းနိုင်)

အထူးသတင်း
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်လှစ်
  •           
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ
  •           
  • စတုတ္ထအကြိမ် Animation Workshop သို့ လူငယ် ၅၀ ကျော် စိတ်ဝင်စားစွာတက်ရောက်ခဲ့
  •           
  • အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်များ AA အဖွဲ့ လုပ်ဆောင်လာ
  •