အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂,၂၀၀ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၉) ခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှခွင့်ပြု - အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂,၂၀၀ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၉) ခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှခွင့်ပြု

အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂,၂၀၀ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၉) ခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှခွင့်ပြု

ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန် / January 11, 2019
image_latest


ရန်ကုန် ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၁ / ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။      

အဆိုပါလုပ်ငန်းများတွင် အသားထုပ်ပိုးခြင်းလုပ်ငန်း၊ ဆန်နှင့် ဆန် ဆက်စပ်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးခြင်းလုပ်ငန်း၊ တိရိစ္ဆာန် အစားအစာ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ ကြက်သားပေါက် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည် ထုတ်လုပ်ခြင်းလုပ်ငန်း၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း၊ LPG တင်သွင်း သိုလှောင်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း၊ ကုန်လှောင်ရုံနှင့် ထောက်ပံ့ပို့ဆောင်မှု ဝန်ဆောင်မှု လုပ်ငန်းနှင့် မော်တော်ယာဉ် စက်ပြင်သင်တန်း ကျောင်း လုပ်ငန်းတို့ပါဝင်သည်။ အဆိုပါ လုပ်ငန်းများမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂,၂၂၇)ဦး ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၉)ခု အားခွင့်ပြုခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၁)ဦး တက်ရောက်ကြသည်။

အထူးသတင်း
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်လှစ်
  •           
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ
  •           
  • စတုတ္ထအကြိမ် Animation Workshop သို့ လူငယ် ၅၀ ကျော် စိတ်ဝင်စားစွာတက်ရောက်ခဲ့
  •           
  • အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်များ AA အဖွဲ့ လုပ်ဆောင်လာ
  •