တပ်မတော်လုံခြုံရေး စစ်ကြောင်းများက AA အဖွဲ့များ၏ သင်တန်းကျောင်းနှင့် စခန်းများအား သိမ်းပိုက်ရရှိ၊ လက္ကာကျေးရွာ၌ လက်နက်ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ - တပ်မတော်လုံခြုံရေး စစ်ကြောင်းများက AA အဖွဲ့များ၏ သင်တန်းကျောင်းနှင့် စခန်းများအား သိမ်းပိုက်ရရှိ၊ လက္ကာကျေးရွာ၌ လက်နက်ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ

တပ်မတော်လုံခြုံရေး စစ်ကြောင်းများက AA အဖွဲ့များ၏ သင်တန်းကျောင်းနှင့် စခန်းများအား သိမ်းပိုက်ရရှိ၊ လက္ကာကျေးရွာ၌ လက်နက်ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ

Ministry of Information/ ​နေပြည်တော် / April 15, 2019
image_latest


နေပြည်တော် ဧပြီ ၁၄

တပ်မတော်လုံခြုံရေး စစ်ကြောင်းများက ယမန်နေ့မွန်းလွဲပိုင်းတွင် AA အဖွဲ့များ၏ သင်တန်းကျောင်းနှင့် စခန်းများအား သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပန်းမြောင်ကျေးရွာ အနီးပတ်ဝန်းကျင် တောင်ကြောများ၌ AA အဖွဲ့၏ သင်တန်းကျောင်းနှင့် စခန်းများရှိပြီး ၎င်းနေရာမှ မြောက်ဦးမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများအား ခြိမ်းခြောက်အကျပ်ကိုင် စိုးမိုးမှုများ မကြာခဏ ပြုလုပ်လျက်ရှိသဖြင့် တည်ငြိမ်အေးချမ်းစွာနေထိုင် လိုကြသည့် ဒေသခံများက တပ်မတော်လုံခြုံရေး စစ်ကြောင်းများထံသို့ ၎င်းတို့၏ တည်နေရာ များအား သတင်းပေးပို့တိုင်ကြား လာခဲ့ကြသည်။

သို့အတွက် တပ်မတော်လုံခြုံရေး စစ်ကြောင်းများက အထက်ပါနေရာ တစ်ဝိုက်အား မတ် ၁၉ ရက်မှ စတင်၍ အဆင့်ဆင့် ခြေကုပ်ယူ ချဉ်းကပ်တိုက်ခိုက်ခဲ့ရာ AA အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ အကြိမ် ၂၀ ခန့်ဖြစ်ပွားခဲ့ကာ ဧပြီ ၁၃ ရက်မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်တွင် ယာယီလေ့ကျင့်ရေး သင်တန်းကျောင်း နေရာတစ်ခုအား သိမ်းပိုက်ရရှိခဲ့ပြီး ၎င်းအဖွဲ့များသည် အနောက်တောင်နှင့် အနောက်မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

အလားတူ မြောက်ဦးမြို့နယ် လက္ကာကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူလုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ရောက် ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီခန့်တွင် ကိုလပြည့်၏ နေအိမ်ခြံဝင်းအတွင်းမှ ကျည်အိမ် သုံးခု၊ ကျည် ၂၀၃ တောင့်နှင့် ဆက်စပ် ပစ္စည်း များအားလည်းကောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင် ကိုလပြည့်၏ အစ်ကိုဖြစ်သူ ဦးမောင်ဦးကျော်၏နေအိမ်မှ လက်ပစ်ဗုံး ၁၀ လုံးအားလည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။

သို့ဖြစ်ရာ မြောက်ဦးမြို့နှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား ခြိမ်းခြောက်နေသည့် AA အဖွဲ့များ၏ သင်တန်းကျောင်းနေရာနှင့် စခန်းကုန်းများအား မောင်းထုတ်ရှင်းလင်း သိမ်းပိုက်ရရှိခဲ့ပြီး အနီးပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော်လုံခြုံရေး စစ်ကြောင်း များက နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

သတင်းစဉ်

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •