ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေရသော ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူမျာအား တတိယအကြိမ် ထောက်ပံ့မှုပေးအပ် - ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေရသော ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူမျာအား တတိယအကြိမ် ထောက်ပံ့မှုပေးအပ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေရသော ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူမျာအား တတိယအကြိမ် ထောက်ပံ့မှုပေးအပ်

Ministry of Information/ နေပြည်တော် / February 11, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားလျက်သော တိုက်ပွဲများကြောင့် တိုက်ပွဲ ရှောင်နေရသော ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံ ပြည်သူများအတွက် ယနေ့နံနက်ပိုင်းက တတိယအကြိမ် ထောက်ပံ့ ပေးအပ်သည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဖြစ်ပွားလျက်ရှိသော တိုက်ပွားများကြောင့် ရခိုင် တိုင်းရင်းသားများနှင့် ဒေသခံ ပြည်သူများ ခေတ္တ တိမ်းရှောင်နေရခြင်းများ ဖြစ်ပွားလျက်ရှိရာ ထိုတိုက်ပွဲရှောင်များ အတွက် နိုင်ငံတော် အစိုးရက ကူညီထောက်ပံ့မှုများ ပေးအပ်လျက် ရှိသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ တတိယပတ်မှစတင်၍ (၂) ပတ်စာ ဆန်ရိက္ခာ ဘိုးငွေများကို ပထမအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် ဆန်ရိက္ခာ ဘိုးငွေ တစ်လစာ၊ အိမ်ထောင်စုများအလိုက် စောင်များ၊ အခင်းများနှင့် တာပေါ်လင်စများကို အိမ်ထောင်စု (၉၇၀)၊ လူဦးရေ (၄၄၇၀) အတွက် ပြည်နယ်အစိုးရထံသို့ အပ်နှံ၍ လက်ဝယ် အရောက် ဆက်လက်ထောက်ပံ့ရန် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ရာ တစ်လခွဲစာရိက္ခာများ ပေးအပ်ပြီး ဖြစ်သည်။

ယနေ့နံနက်ပိုင်းတွင် ထပ်မံ၍ တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများနှင့် တိုက်ပွဲရှောင် ဒေသခံပြည်သူ (၄,၇၅၂)ဦးအတွက် ဆန်ရိက္ခာ(၁)လစာထောက်ပံ့ငွေကျပ် (၄၂,၇၆၈,၀၀၀)ကို ရခိုင်ပြည်နယ် အမ်းမြို့ ရွှေအမ်းတောင်ခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် အဖွဲ့ထံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပေးအပ်သည်။ ဤထောက်ပံ့ငွေများကို တိုက်ပွဲရှောင်များ လက်ဝယ်အရောက် ခံစားရရှိနိုင်ရေး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပူးပေါင်းကာ စနစ်တကျ စီမံ၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။ တိုက်ပွဲရှောင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး အလေးထားဆောင်ရွက်မည်ဖြစ်ရာ ထပ်မံ လိုအပ်ချက်များရှိပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ အရေးပေါ် (၂၄)နာရီဝန်ဆောင်မှု ရှိသော ဖုန်း ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ များသို့ ဆက်သွယ် အကူအညီရယူနိုင်ကြောင်း သိရှိရသည်။

(သတင်းစဉ်)

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •