ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ကိုးကန့်နှစ်သစ်ကူး အထိမ်းအမှတ် ပွဲတော်နှင့် တိုင်းရင်းသား ကုန်စည်ပြပွဲတော် တက်ရောက် - ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ကိုးကန့်နှစ်သစ်ကူး အထိမ်းအမှတ် ပွဲတော်နှင့် တိုင်းရင်းသား ကုန်စည်ပြပွဲတော် တက်ရောက်

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ကိုးကန့်နှစ်သစ်ကူး အထိမ်းအမှတ် ပွဲတော်နှင့် တိုင်းရင်းသား ကုန်စည်ပြပွဲတော် တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန/ မန္တလေး / February 11, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၀

ကိုးကန့် တိုင်းရင်းသားလူမျိုးများ၏ နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်ကို ယမန်နေ့ ညပိုင်းတွင် မန္တလေးမြို့ ဗုဒ္ဓဘာသာ ကိုးကန့်ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က မိမိတို့နိုင်ငံသည် တိုင်းရင်း သား လူမျိုးစုပေါင်း(၁၀၀)ကျော်ဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်၍ တိုင်းရင်းသားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းသည် အရေးကြီးကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပြဌာန်းပြီး ဥပဒေအရ တိုင်းရင်းသား များအနေဖြင့် မိမိတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာအရ ဆောင်ရွက်သည့် အခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များကို လွတ်လပ်စွာ ကျင်းပခွင့် ရှိလာသည်နှင့်အညီ တိုင်းရင်းသားများ၏ ရိုးရာ ဓလေ့ပွဲတော်များအား နိုင်ငံအဝှမ်းတွင် ကျင်းပဆောင်ရွက် နေကြပြီ ဖြစ်ပါကြောင်း၊ ထိုသို့ ကျင်းပနိုင်ခြင်းဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီး၍ စည်းလုံးညီညွှတ်လာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်လာကာ ပြည်သူများ လိုလား တောင့်တနေသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို လျင်မြန်စွာ အကောင်အထည်ဖော် နိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကိုးကန့် တိုင်းရင်းသား လူမျိုးများ ကိုယ်စား ဦးအောင်ဝင်းခိုင်မှ ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်၍ ကိုးကန့် ရိုးရာအစား အစာများဖြင့် တည်ခင်း ဧည့်ခံသည်။

(သတင်းစဉ်)

အထူးသတင်း
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံ တွေ့ဆုံ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေဆွေးနွေး
  •           
  • ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
  •           
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ အန်ရွှမ်းမြို့သို့ ရောက်ရှိလေ့လာ
  •           
  • ဒုတိယမြို့တော်ဝန် နေရာအတွက် မဲဆန္ဒနယ်(၃)မှ မြို့တော်ကော်မတီဝင်အဖြစ် ရွေးကောက် တင်မြှောက် ခံရသည့် ဦးစိုးလွင်အား ရွေးချယ်တင်မြှောက်
  •           
  • တပ်မတော်စစ်ကြောင်းက AA အဖွဲ့ သိုဝှက်ထားသော ရိက္ခာပစ္စည်းများ ရှာဖွေတွေ့ရှိ
  •           
  • မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ၂၀၁၉ ခုနှစ် သင်္ကြန်ကြိုဆိုပွဲ ကျင်းပ
  •           
  • ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
  •           
  • သင်္ကြန်ကာလအကြိုနေရပ်ပြန်ပြည်သူများ၊ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးပညာပေး ဆောင်ရွက်
  •           
  • GAVI ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးနှင့် (၅၂) ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှု ကော်မရှင် အစည်းအဝေးတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်
  •           
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် မြောက်ဦးမြို့ရှိ အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
  •