(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ စတင်ကျင်းပ - (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ စတင်ကျင်းပ

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ စတင်ကျင်းပ

Ministry of Information/ နေပြည်တော် / February 11, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၀

၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများဖြစ်ကြသော ထုတ်စည်းတိုး(အမျိုးသမီး)၊ လွန်ဆွဲ (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ များကို ယနေ့ နံနက်(၈)နာရီအချိန်မှစ၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစား လေ့ကျင့်ရေးကွင်း(၁/၂/၃)တို့၌ ကျင်းပရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ အားကစားဝါသနာရှင် အရာထမ်း၊ အမှုထမ်းများ လာရောက်ကြည့်ရှု အားပေးကြသည်။

ရှေးဦးစွာ လွန်ဆွဲ (အမျိုးသား) ပြိုင်ပွဲများအဖြစ် ပြည်သူ့လွှတ်တော်အသင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်သူ့လွှတ်တော်အသင်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအသင်းအား (၂)ပွဲ၊ (၁) ပွဲဖြင့်လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်စည်ပင်အသင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအသင်းမှ လာရောက် ယှဉ်ပြိုင်ခြင်း မရှိသဖြင့် နေပြည်တော် စည်ပင်အသင်းမှ လည်းကောင်း၊ ပြည်ထောင်စု ရာထူးဝန်အသင်းနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူးဝန်အသင်းမှ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသင်းနှင့် ပြည်သူ့ လွှတ်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အသင်းမှ ပြည်သူ့လွှတ်တော်အသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိ သွားသည်။

ဆက်လက်၍ လွန်ဆွဲ (အမျိုးသမီး) ပြိုင်ပွဲများအဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စု ရာထူးဝန်အသင်းမှ ပညာရေးဝန်ကြီးဌာနအသင်းအား (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းမှ (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ထုတ်စည်းတိုး (အမျိုးသမီး)ပြိုင်ပွဲများအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •