ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၃) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပ - ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၃) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၃) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန် / February 11, 2019
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၁ဝ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၃)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်(၃)နှစ် မြောက် သီချင်းကိုသီဆိုပြီး အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွှတ်တော်(၃)နှစ်မြောက် ဂုဏ်ပြု အမှတ်တရစကား ပြောကြားရာတွင် လွှတ်တော်သည် ဒီမိုကရေစီ၏ အသက်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ၏ ပန်းတိုင်ဖြစ်ပါကြောင်း၊ လွှတ်တော်အရည်အသွေး မြင့်မားလာသည်နှင့်အမျှ နိုင်ငံကိုဦးဆောင်မှုပေးနိုင်သည့် အခန်းကဏ္ဍတစ်ရပ် ပိုမိုမြင့်မား လာမည်ဖြစ်ပါကြောင်း၊ လွှတ်တော်က ချမှတ်လိုက်သည့် ဥပဒေများသည် နိုင်ငံတော် တည်ဆောက်ရန်အတွက် ဌာနဆိုင်ရာ အသီးသီးလိုက်နာကျင့်သုံး ဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို တည့်မတ် ဆောင်ရွက်ပေးနိုင်သည့် အခြေအနေတစ်ခုဖြစ်သကဲ့သို့ လူမှုဘဝကို မြှင့်တင်နိုင်ရန်အတွက်လည်း မူဝါဒချမှတ် ပေးနိုင်မည့် အခြေအနေတစ်ခုဖြစ်ပါကြောင်း၊ သို့ပါ၍ လွှတ်တော်၏ အခန်းကဏ္ဍ မြင့်မားလာရေးသည် ဒီမိုကရေစီစနစ်တွင် အရေးအကြီးဆုံး ကဏ္ဍတွင် ရှိနေသည်ကို အားလုံးသတိချပ်ရန် လိုအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက လွှတ်တော်(၃)နှစ်မြောက် ဂုဏ်ပြုစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က လွှတ်တော် ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲတွင် ပထမဆုရ မြောက်ပိုင်းခရိုင်အသင်း၊ ဒုတိယဆုရ တောင်ပိုင်းခရိုင်အသင်း၊ ပူးတွဲတတိယဆုရ အရှေ့ပိုင်းခရိုင်အသင်းနှင့် အနောက်ပိုင်း ခရိုင်အသင်းတို့အား ဆုများ အသီးသီးပေးအပ် ချီးမြှင့်သည်။
ယင်းနောက် အမျိုးသားယဉ်ကျေးမှု အနုပညာ တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက တိုင်းရင်းသား ရိုးရာအက အလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ ကြသည်။
သတင်း-မင်းသစ်(MNA)၊ ဓာတ်ပုံ-ရဲထွဋ်
 

အထူးသတင်း
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံ တွေ့ဆုံ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေဆွေးနွေး
  •           
  • ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
  •           
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ အန်ရွှမ်းမြို့သို့ ရောက်ရှိလေ့လာ
  •           
  • ဒုတိယမြို့တော်ဝန် နေရာအတွက် မဲဆန္ဒနယ်(၃)မှ မြို့တော်ကော်မတီဝင်အဖြစ် ရွေးကောက် တင်မြှောက် ခံရသည့် ဦးစိုးလွင်အား ရွေးချယ်တင်မြှောက်
  •           
  • တပ်မတော်စစ်ကြောင်းက AA အဖွဲ့ သိုဝှက်ထားသော ရိက္ခာပစ္စည်းများ ရှာဖွေတွေ့ရှိ
  •           
  • မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ၂၀၁၉ ခုနှစ် သင်္ကြန်ကြိုဆိုပွဲ ကျင်းပ
  •           
  • ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
  •           
  • သင်္ကြန်ကာလအကြိုနေရပ်ပြန်ပြည်သူများ၊ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးပညာပေး ဆောင်ရွက်
  •           
  • GAVI ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးနှင့် (၅၂) ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှု ကော်မရှင် အစည်းအဝေးတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်
  •           
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် မြောက်ဦးမြို့ရှိ အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
  •