အိမ်ခြံမြေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာတော့မည် - အိမ်ခြံမြေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာတော့မည်

အိမ်ခြံမြေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာတော့မည်

ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန် / February 11, 2019
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၁ဝ

အိမ်ခြံမြေဈေးကွက် လည်ပတ်မည့်ကာလဖြစ်သည့် ယခုနှစ်တွင် အိမ်ခြံမြေလုပ်ငန်းများ ပြန်လည်ဦးမော့ လာတော့မည်ဖြစ်သောကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာနိုင်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်က ပြောသည်။
''အိမ်ခြံမြေ ဝန်ဆောင်မှုဆိုင်ရာဥပဒေ ထွက်ပေါ်လာပြီဆိုရင်တော့ နဂိုကထိုင်းမှိုင်းနေခဲ့တဲ့ အိမ်ခြံမြေ အရောင်းအဝယ် တွေက ပိုသွက်လာပါလိမ့်မယ်။ ဈေးကွက်အရွေ့ကတော့ နိုင်ငံစီးပွား ရေးနဲ့ ပြည်သူတွေရဲ့ အဓိကဝင်ငွေ ပိုလျှံမှုနဲ့ သက်ဆိုင်နေတာပါ။ နေရာတစ်ခုမှာ အရင်တုန်းကတော့ လမ်းဖောက်မထားလို့ လမ်းမရှိတော့ အိမ်ခြံ မြေဈေးတက်တယ်။ နောက်တစ်ခါ အဝယ်များတဲ့ အတွက် ဈေးတက်တယ်။ ဒါပေမယ့် ခုကအဲဒီခေတ်က ကုန်သွားပါပြီ။ နိုင်ငံတော်အစိုးရ အနေနဲ့လည်း မြေဈေးနှုန်းမတက်အောင် နေရာအနှံ့မှာ စီမံကိန်းတွေ လုပ်သွားမှာပဲ။ စီမံကိန်းမှာရှိတဲ့ မြေကွက်နဲ့ အဆောက်အအုံတွေက သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ဆောက်လုပ်မယ်၊ ရောင်းချမယ်ဆိုရင် တော့ အိမ်ခြံမြေဈေးကွက်က ပိုပြီးသွက်လက်လာ နိုင်စရာ အကြောင်းရှိပါတယ်''ဟု ၎င်းက ပြောသည်။
ပုံမှန်အားဖြင့် အိမ်ခြံမြေဈေးကွက်မှာ ငါးနှစ် တစ်ကြိမ် ဈေးကွက် ပြန်လည်ဦးမော့ တတ်ကြောင်း၊ ၁၉၉၇ ခုနှစ်တွင် ဈေးကွက်တည်ငြိမ်ခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် ဈေးကွက်ပြန်လည်ဖြစ်ထွန်းခဲ့ ကြောင်း၊ ထိုအတိုင်းပင် ၂ဝဝ၃ ခုနှစ်၊ ၂ဝဝ၈ ခုနှစ်၊ ၂ဝ၁၂ ခုနှစ်တွင် ဈေးကွက်လည်ပတ်မှု အားကောင်းခဲ့သောကြောင့် ၂ဝ၁၉ ခုနှစ်သည် အိမ်ခြံမြေ ဈေးကွက်လည်ပတ်မည့်ကာလဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်ကြသူများက ဆိုထားကြသည်။
ထို့အပြင် အိမ်ခြံမြေ ဝန်ဆောင်မှုဆိုင်ရာဥပဒေ မှာ နိုင်ငံတော်နှင့် အများပြည်သူအတွက် အမှန်တကယ် လိုအပ်လျက်ရှိပြီး ထိုဥပဒေထွက်ပေါ်လာပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းလုပ်ငန်းများပါ ပိုမိုခိုင်မာ အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်း အမှန်တကယ် လုပ်ကိုင်နေကြသူများထံမှ သိရသည်။
သတင်း - ပွင့်သစ္စာ၊ ဓာတ်ပုံ - စိုးမြင့်အောင်
 

အထူးသတင်း
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံ တွေ့ဆုံ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေဆွေးနွေး
  •           
  • ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
  •           
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ အန်ရွှမ်းမြို့သို့ ရောက်ရှိလေ့လာ
  •           
  • ဒုတိယမြို့တော်ဝန် နေရာအတွက် မဲဆန္ဒနယ်(၃)မှ မြို့တော်ကော်မတီဝင်အဖြစ် ရွေးကောက် တင်မြှောက် ခံရသည့် ဦးစိုးလွင်အား ရွေးချယ်တင်မြှောက်
  •           
  • တပ်မတော်စစ်ကြောင်းက AA အဖွဲ့ သိုဝှက်ထားသော ရိက္ခာပစ္စည်းများ ရှာဖွေတွေ့ရှိ
  •           
  • မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ၂၀၁၉ ခုနှစ် သင်္ကြန်ကြိုဆိုပွဲ ကျင်းပ
  •           
  • ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
  •           
  • သင်္ကြန်ကာလအကြိုနေရပ်ပြန်ပြည်သူများ၊ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးပညာပေး ဆောင်ရွက်
  •           
  • GAVI ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးနှင့် (၅၂) ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှု ကော်မရှင် အစည်းအဝေးတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်
  •           
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် မြောက်ဦးမြို့ရှိ အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
  •