သီရိလင်္ကာ နိုင်ငံခြားရေး ဝန်ကြီးနှင့်ဇနီးနှင့် အဖွဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို - သီရိလင်္ကာ နိုင်ငံခြားရေး ဝန်ကြီးနှင့်ဇနီးနှင့် အဖွဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

သီရိလင်္ကာ နိုင်ငံခြားရေး ဝန်ကြီးနှင့်ဇနီးနှင့် အဖွဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

Ministry of Information/ ​နေပြည်တော် / April 14, 2019
image_latest


ရန်ကုန် ဧပြီ ၁၄

မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တီလက်မာရာပါနာနှင့် ဇနီးနှင့်အဖွဲ့ဝင်များသည် ယနေ့ ညပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

ဧည့်သည်တော်နှင့် အဖွဲ့သည် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် ဧည့်ခံတန်ဆောင်းရှိ ရွှေစေတီတော်အား ဖူးမြော်ကြည်ညိုပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးသည်။

ထို့နောက် ဧည့်သည်တော်နှင့် အဖွဲ့သည် ရွှေတိဂုံစေတီတော် မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွေးနံ့သာရည်များ၊ ဆက်ကပ်လှူဒါန်းပြီး ဂေါပကအဖွဲ့သို့ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ဧည့်သည်တော်နှင့်အဖွဲ့သည် ကျောက်စိမ်းဘုရားနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လည့်လှည်ဖူးမြော် ကြည်ညိုကာ သာသနိက အဆောက်အအုံများကို ကြည့်ရှုလေ့လာကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •