ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက် - ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 11, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ  ၉  ရက်ညနေပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ ခရိုင်လျှပ်စစ် အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် လျှပ်စစ်မီးသုံးစွဲသူဦးရေသည် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိသည့်အပြင် ဓာတ်အားစနစ်မှ သုံးစွဲသူပြည် သူများ လျှပ်စစ်ဓာတ်အား ဗို့အားပြည့်ဝပြီး တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဟန်ချက် ညီညီစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးနှင့် တိုးတက်သုံးစွဲလာမည့် ဓာတ်အား လိုအပ်ချက်များကို ကြိုတင်တွက်ချက်၍ စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ နယ်စပ်မြို့ဖြစ်သည့် တမူးမြို့အား လျှပ်စစ်ဓာတ်အား အပြည့်အဝဖြန့်ဖြူး၍ နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်သွားကြရမည် ဖြစ်ကြောင်း၊ လျှပ်စစ်ကဏ္ဍနှင့်စပ်လျဉ်း၍ ဒေသနေ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်သူများအတွက် အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရန်နှင့် ဝန်ထမ်းများ အနေဖြင့်လည်း လုပ်ငန်းများအပေါ် စိတ်ဝင်စားစွာဖြင့် အဂတိတရားကင်းရှင်းပြီးတာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တမူးနှင့် ကလေးခရိုင်တို့မှ လျှပ်စစ်အင်ဂျင်နီယာများကခရိုင်အလိုက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု၊ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲမှု၊ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး အတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့မှ လျှပ်စစ်အင်ဂျင်နီယာ များကတိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးစောဝင်းမောင်ကဖြည့်စွက် ရှင်းလင်းတင်ပြ သည်။

ယင်းနောက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်က ကလေးဝဒေသ မြောက်ခြမ်းရှိ မော်လိုက်၊ ဟုမ္မလင်းနှင့်ဖောင်းပြင်ဒေသများသို့ လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလေးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနမှ  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၂၃၀ ကေဗွီ ကလေးပင်မ ဓာတ်အားခွဲရုံ စီမံကိန်းကို ကြည့်ရှုစစ်ဆေးရာ ဓာတ်အားပို့လွှတ်ရေး စီမံကိန်း ညွှန်ကြားရေးမှူး(မြောက်ပိုင်း)က လုပ်ငန်းဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြရာ ညွှန်ကြား ရေးမှူးချုပ် ဦးအေးကျော်က ဖြည့်စွက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းပိုင်း ဆိုင်ရာများကို မှာကြားပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

၂၃၀ ကေဗွီကလေးပင်မဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကလေးမြို့နှင့် ပတ်ဝန်းကျင်ဒေသများအား လျှပ်စစ်ဓာတ်အားပိုမို ဖြန့်ဖြူး ပေးနိုင်မည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းရှိ တမူး၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးအစ ရှိသည့်ဒေသများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

(သတင်းစဉ်)

အထူးသတင်း
  • နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ ရေပေးဝေရေးလုပ်ငန်းမှ စီးပွားရေးလုပ်ငန်းသုံးရေမီတာများအား ရေဖိုးရေခပြောင်းလဲကောက်ခံမည်
  •