ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီး၌ မသန်စွမ်းသူများ ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက် - ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီး၌ မသန်စွမ်းသူများ ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီး၌ မသန်စွမ်းသူများ ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်

Ministry of Information/ နေပြည်တော် / February 11, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့က မကွေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်း သူများ၊ မကွေးမြို့နယ်အတွင်းရှိ မိခင်ဝိုင်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့များအား ထောက်ပံ့ ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံ သည် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းဖြစ်သည့်အတွက် လူသားတိုင်း၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန် မူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေများရေးဆွဲ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းတွင် မသန်စွမ်းများအား ထောက်ပံ့မှုပေးရန်ပါဝင်၍ ငွေကြေးထောက်ပံ့မှု များ သာမက စွမ်းနိုင်သမျှ စွမ်းအောင် မိမိဘာသာရပ်တည်နိုင်ရေး အထောက်အကူပြု ဝန်းကျင်ဖန်တီးပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ မသန်စွမ်း(၄)မျိုးထဲမှ အကြားအာရုံ ချို့ယွင်းသောသူများအတွက် လက် သင်္ကေတပြ ဘာသာစကားများဖြင့် သင်ကြားပေးလျက်ရှိရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုအောင်မြင်နေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ၎င်းတို့ကို စွမ်းနိုင်သမျှ စွမ်းအောင် ကူညီထောက်ပံ့မှုများပေးရမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ အတွက် ကနဦး ငွေကြေးထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ထောက်ပံ့ပေးမှုများ အတွက် ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူ ၁၂၃၃၀ အတွက် ထောက်ပံ့ငွေကျပ် ၃၆၉၉၀၀၀၀၀ ၊ မကွေးမြို့နယ်အတွင်း မိခင်ဝိုင်းများအတွက် ထောက်ပံ့ငွေကျပ် ၂၆၇၈၁၀၀၊ ဖန်ခါးမြေ ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် ၂၉၅၅၀၀၀၊  ဆားစည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် ထောက်ပံ့ငွေကျပ် ၆၅၃၄၀၀၀၊ နတ်မောက်မြို့နယ်၌ (၁၀၄)နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ ကျင်းပရန်အတွက် အလှူငွေကျပ် ၁၀၀၀၀၀၀၊ မိခင်မေတ္တာကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ မကွေးမြို့နယ်အတွင်းရှိ တပ်မတော် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း(၂)ကျောင်း အတွက် တစ်ကျောင်းလျှင် ထောက်ပံ့ငွေကျပ် ၇၀၀၀၀၀၊ မိခင်ဝိုင်း(၅) ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် ၂၆၇၈၁၀၀ နှင့် အခမ်းအနားသို့ တက်ရောက်လာကြသော မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပြီး ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် အာဟာရမုန့်များကို ပေးဝေကြရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

(သတင်းစဉ်)

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •