ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဟိန် အမေရိကန် နိုင်ငံသံအမတ်ကြီးနှင့် နော်ဝေနိုင်ငံ သံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ - ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဟိန် အမေရိကန် နိုင်ငံသံအမတ်ကြီးနှင့် နော်ဝေနိုင်ငံ သံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဟိန် အမေရိကန် နိုင်ငံသံအမတ်ကြီးနှင့် နော်ဝေနိုင်ငံ သံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / March 14, 2019
image_latest


နေပြည်တော်၊ မတ် ၁၄

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဟိန်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Scot Marciel နှင့် နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Mrs. Tone Tinnes တို့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌရုံးခန်း၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
အမေရိကန် သံအမတ်ကြီးနှင့် အဖွဲ့အားတွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် သံတမန် ဆက်ဆံရေး ပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး၊ မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ထိန်းချုပ်ရေးနှင့် လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
နော်ဝေသံအမတ်ကြီးနှင့် အဖွဲ့အားတွေ့ဆုံစဉ် နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းများတွင် အကူအညီပေးနေသည့် ကိစ္စ၊ လွှတ်တော်၌ ဆောင်ရွက်လျက်ရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)
 

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •