ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ပုံနှိပ်လုပ်ငန်းရှင်များနှင့် လုပ်ငန်းပြီးစီးမှုတွေ့ဆုံဆွေးနွေး - ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ပုံနှိပ်လုပ်ငန်းရှင်များနှင့် လုပ်ငန်းပြီးစီးမှုတွေ့ဆုံဆွေးနွေး

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ပုံနှိပ်လုပ်ငန်းရှင်များနှင့် လုပ်ငန်းပြီးစီးမှုတွေ့ဆုံဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / March 15, 2019
image_latest


နေပြည်တော်၊မတ် ၁၄

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ ပုံနှိပ်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်း ဒေသကြီး ပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ တွေ့ဆုံပြီး လုပ်ငန်းအချိန်မီပြီးစီးရေးအတွက် ညှိနှိုင်းဆွေးနွေးသည်။
အခမ်းအနားတွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ အချိန်မီပြီးစီးရန်နှင့် အရည်အသွေး ပြည့်မီရန် လိုအပ်ပါကြောင်း၊ အခက်အခဲရှိပါက အတတ်နိုင်ဆုံး ပြေလည်အောင် ဆောင်ရွက်သွား ရမည် ဖြစ်ပါကြောင်း၊ ဆင့်ကဲဆင့်ကဲ တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသူရိန်ထွန်း၊ မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းစိုးတို့က လုပ်ငန်းပြီးစီးတိုးတက်မှုအခြေအနေနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး(၁) ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်နှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ နိဂုံးချုပ် အမှာစကားပြောကြားသည်။
(သတင်းစဉ်)
 

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •