အမျိုးသားမူးယစ်ဆေးဝါး မူဝါဒနှင့် မူးယစ်ဆေးဝါးဥပဒေ တို့ကို ယှဉ်တွဲ သုံးသပ်ထား သည့် အစီရင်ခံစာ မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် - အမျိုးသားမူးယစ်ဆေးဝါး မူဝါဒနှင့် မူးယစ်ဆေးဝါးဥပဒေ တို့ကို ယှဉ်တွဲ သုံးသပ်ထား သည့် အစီရင်ခံစာ မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်

အမျိုးသားမူးယစ်ဆေးဝါး မူဝါဒနှင့် မူးယစ်ဆေးဝါးဥပဒေ တို့ကို ယှဉ်တွဲ သုံးသပ်ထား သည့် အစီရင်ခံစာ မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / March 15, 2019
image_latest


နေပြည်တော်၊ မတ် ၁၄

အမျိုးသားမူးယစ်ဆေးဝါး မူဝါဒနှင့် ၂၀၁၈ခုနှစ်တွင် ပြင်ဆင်လိုက်သော မူးယစ် ဆေးဝါးဥပဒေတို့ကို ယှဉ်တွဲသုံးသပ် ထားသည့် အစီရင်ခံစာ မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒနှင့် ဥပဒေ တို့သည် ပြည်သူများအတွက် မည်မျှအကျိုး ရှိသည်ကိုသိရှိရန်နှင့် လိုအပ်ချက်များရှိပါက အသေးစိတ်လေ့လာ နိုင်ရန် လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါး နှင့်စပ်လျဉ်း၍ အရေးယူမှုသည် ပိုမိုရှင်းလင်းပြတ်သားသော ဥပဒေနှင့် သုတေသန လုပ်ငန်းများ လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးသည် လူငယ်များနှင့် လူထု အကြားတွင် ကြီးထွားလာသော ပြဿနာတစ်ရပ်ဖြစ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန် လိုအပ်သည့် အပြင် မူးယစ်ဆေးဝါး စွဲလန်းသူများကို ဆေးဖြတ်ကုသပေးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတို့ သည်လည်း အရေးကြီးကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းကြရာတွင် ကဏ္ဍ ပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အားလုံးပါဝင် ပေါင်းစပ်လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ ယနေ့တင်ပြသည့် အစီရင်ခံစာသည် မူဝါဒနှင့် ဥပဒေများကို ယှဉ်တွဲလေ့လာသုံးသပ်ထားသည့် အစီရင်ခံစာ ဖြစ်၍ သုတေသနတစ်ရပ်အဖြစ် မှတ်ယူနိုင်ကြောင်း ပြောကြားသည်။
ယနေ့မိတ်ဆက်သည့် သုံးသပ်ချက်အစီရင်ခံစာသည် လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် စောမွန်လူမှု ဖွံ့ဖြိုးရေးအသင်းက ပြုစုတင်ပြသည့် အစီရင်ခံစာဖြစ်ကြောင်း သိရ သည်။
(သတင်းစဉ်)
 

အထူးသတင်း
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်လှစ်
  •           
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ
  •           
  • စတုတ္ထအကြိမ် Animation Workshop သို့ လူငယ် ၅၀ ကျော် စိတ်ဝင်စားစွာတက်ရောက်ခဲ့
  •           
  • အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်များ AA အဖွဲ့ လုပ်ဆောင်လာ
  •