ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်၊ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်သော ‘ယင်း’ တိုင်းရင်းသား လူမျိုးများ၏ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဖော်ထုတ်တင်ပြခြင်း အစီအစဉ် အခမ်းအနားသို့ တက်ရောက် - ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်၊ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်သော ‘ယင်း’ တိုင်းရင်းသား လူမျိုးများ၏ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဖော်ထုတ်တင်ပြခြင်း အစီအစဉ် အခမ်းအနားသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်၊ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်သော ‘ယင်း’ တိုင်းရင်းသား လူမျိုးများ၏ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဖော်ထုတ်တင်ပြခြင်း အစီအစဉ် အခမ်းအနားသို့ တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / March 15, 2019
image_latest


နေပြည်တော်၊ မတ် ၁၄

မြန်မာနိုင်ငံအရှေ့ပိုင်း နမ့်စန်မြို့နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိမ်မြုပ် ပျောက်ကွယ် လုနီးပါး ဖြစ်သော ‘ယင်း’ တိုင်းရင်းသားလူမျိုးများ၏ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဖော်ထုတ် တင်ပြခြင်း အစီအစဉ်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ‘ယင်း’ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ၊ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများနှင့် ပတ်သက်သည့် Documentary ရုပ်သံမှတ်တမ်းရိုက်ကူးသူ ဦးကျော်ကျော်ဝင်း က Documentary ရုပ်သံမှတ်တမ်း Video Clip နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ‘ယင်း’တိုင်းရင်းသားလူမျိုးများ၏ ကျေးရွာများ တည်ရှိရာသဘာဝ တောတောင် ရေမြေ များနှင့် စိုက်ပျိုးရေး လုပ်ငန်းများ၊ ‘ယင်း’တိုင်းရင်းသားများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ရက်လုပ်ထား သည့် ရိုးရာဝတ်စုံများကိုသာဝတ်ဆင်ပြီး ရိုးရာဝတ်စုံ ရက်လုပ်ပုံများ၊ လူပျို/အပျိုလှည့်ခြင်းနှင့် ထိမ်းမြားလက်ထပ်ခြင်းဓလေ့၊ ‘ယင်း’ တိုင်းရင်းသား လူမျိုးများ ကိုယ်တိုင် လက်ခံယုံကြည်ထားသည့် ၎င်းတို့၏သမိုင်းကြောင်း နှင့် ကိုးကွယ်ယုံကြည်မှုပုံစံများ၊ ရိုးရာအစားအသောက်များ နှင့်ရိုးရာပျော်ပွဲ ရွှင်ပွဲများ အကြောင်းအား အသေးစိတ် ခြယ်မှုန်းရိုက်ကူးထားသည့် Documentary ရုပ်သံမှတ်တမ်း ကိုVideo Clip ဖြင့်ပြသသည်။
ထို့နောက်‘ယင်း’တိုင်းရင်းသားလူမျိုးများ၏ Documentaryရုပ်သံမှတ်တမ်းနှင့် စပ်လျဉ်း၍ အခမ်း အနား တက်ရောက်လာ သူ များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးကျော်ကျော်ဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားသည်။
ထို့နောက် ‘ယင်း’ တိုင်းရင်းသားလူမျိုးများ၏ရိုးရာ၊ယဉ်ကျေးမှု၊ဓလေ့ထုံးစံများနှင့် ပတ်သက်သည့် Documentary ရုပ်သံမှတ်တမ်းရိုက်ကူးသူ ဦးကျော်ကျော်ဝင်းအား ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ကအမှတ်တရဂုဏ်ပြု လက်ဆောင် ပေးအပ်သည်။
ယခုရိုက်ကူး တင်ပြခဲ့သည့်‘ယင်း’တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာ၊ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ များ ကဲ့သို့ အခြားတိမ်မြုပ် ပျောက်ကွယ် လုနီးပါးဖြစ်နေသော တိုင်းရင်းသား လူမျိုးများ၏ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ ကိုရိုက်ကူး ဖြန့်ချီနိုင် ရေးတိုင်း ရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် တိုင်း ရင်းသား လူမျိုးများအနေဖြင့် မိမိတို့၏စာပေ၊ ဘာသာစကား၊ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ပိုမိုမြတ်နိုးတန်ဖိုးထား ထိန်းသိမ်းလာမည် ဖြစ်ကြောင်းသိရှိရသည်။
(သတင်းစဉ်)
 

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •