တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုသူပေါင်း ၁၂၅၃၈၁ ဦးရှိ - တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုသူပေါင်း ၁၂၅၃၈၁ ဦးရှိ

တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုသူပေါင်း ၁၂၅၃၈၁ ဦးရှိ

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / March 15, 2019
image_latest


နေပြည်တော်၊ မတ် ၁၄

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ ပထဝီဝင်ဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၇ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၃၅၂ ခု၊ စာစစ် ဌာနစုစုပေါင်း ၁၃၅၉ ခုတွင် ဖြေဆိုသူပေါင်း ၁၂၅၃၈၁ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၁၂၅၃၈၁ ဦးအနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၂၀ ၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ ၂၄ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ၄ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၃၅ ဦး၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၇၈ ဦးနှင့် ကရင် ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၉ ဦးရှိကြောင်း သိရသည်။
(သတင်းစဉ်)
 

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •