ဂန္ထဝင်စာရေးဆရာကြီး သခင်မြသန်း ဂုဏ်ပြုစာတမ်းဖတ်ပွဲ ရန်ကုန်စာအုပ်လမ်း၌ ပြုလုပ်မည် - ဂန္ထဝင်စာရေးဆရာကြီး သခင်မြသန်း ဂုဏ်ပြုစာတမ်းဖတ်ပွဲ ရန်ကုန်စာအုပ်လမ်း၌ ပြုလုပ်မည်

ဂန္ထဝင်စာရေးဆရာကြီး သခင်မြသန်း ဂုဏ်ပြုစာတမ်းဖတ်ပွဲ ရန်ကုန်စာအုပ်လမ်း၌ ပြုလုပ်မည်

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / March 15, 2019
image_latest


ရန်ကုန်၊ မတ် ၁၄

စနေ၊ တနင်္ဂနွေ အပတ်စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိနေသော ရန်ကုန်မြို့၊ သိမ်ဖြူလမ်း (ဝန်ကြီးများရုံး ဟောင်းရှေ့) ရန်ကုန်စာအုပ်လမ်း၌ ယခုအပတ် မတ် ၁၇ ရက် (တနင်္ဂနွေနေ့) နံနက် ၁၁ နာရီမှ စတင်၍ ဂန္ထဝင်စာရေးဆရာကြီးသခင်မြသန်းကို ဂုဏ်ပြုသောအားဖြင့် နာမည်ကျော် ကဗျာဆရာကြီးများက စာတမ်းများ ဖတ်ကြားသွား မည်ဖြစ်သည်။

စာတမ်းဖတ်ပွဲကို ပြုံးစာပေမှ ဦးဆောင်ကျင်းပသွားမည်ဖြစ်ပြီး ပွဲလာပရိသတ်များကို ပြုံးစာပေ မှထုတ်ဝေ သော ဆရာကြီးသခင်မြသန်း၏ နာမည်ကျော် ဝတ္ထုတစ်အုပ်ဖြစ်သည့် “ဧရာဝတီ”စာအုပ်ကို မေတ္တာဖြင့် ပေးသွားမည်ဖြစ်ကြောင်း ထုတ်ဝေသူ ဒေါ် ပြုံးပြုံးခင်က ပြောသည်။

စာတမ်းဖတ်ပွဲတွင် ကဗျာဆရာသူရဇော်က “ဧရာဝတီဝတ္ထုဇာတ်လမ်းနှင့် ပြည်တွင်းစစ်”၊ ကဗျာဆရာ မောင်သွေးသစ်က “ဆရာကြီးသခင်မြသန်းနှင့် ၎င်း၏နာမည်ကျော်ဝတ္ထုတစ်အုပ်ဖြစ်သည့် မမိုးစွေ ဝတ္ထု” အကြောင်းတို့ ကို ဖတ်ကြား သွားမည့်အပြင် ဆရာမကြီးရွှေကူမေနှင်းနှင့် ဆရာကြီး၏သား ဆရာစည်သူမြသန်း တို့ကလည်း အားဖြည့်ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ဝင်းလေး (ကြည့်မြင်တိုင်)

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •