ရန်ကုန်တောင်ပိုင်း၌ ပရိယတ္တိတံခွန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်ကျင်းပ - ရန်ကုန်တောင်ပိုင်း၌ ပရိယတ္တိတံခွန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်ကျင်းပ

ရန်ကုန်တောင်ပိုင်း၌ ပရိယတ္တိတံခွန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန် / March 15, 2019
image_latest


ရန်ကုန် မတ် ၁၄

တတိယအကြိမ် ပထမပြန်နှင့် ဓမ္မာစရိယ အထောက်အကူပြု ပရိယတ္တိတံခွန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ အောင်မင်္ဂလာ ရပ်ကွက် မဟာခေမိကာရာမရွှေကျင် စာသင်တိုက်၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ သန်လျင်မင်း ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ အဖွဲ့ဝင် ဆရာတော်များ ဖြစ်ကြသည့် အဂ္ဂမဟာပဏ္ဍိတ မဟာမဇ္စျိမာရုံဆရာတော် ဘဒ္ဒန္တပဏ္ဏဝါ ဘိဝံသနှင့်အဂ္ဂမဟာပဏ္ဍိတ မန္တလေးမြို့ အဝေရာ ရာမ ရန်ကင်း ကျောင်းဆရာတော် ဘဒ္ဒန္တဩဒါတ သိရီဘိဝံသထံတို့မှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဩဝါဒကထာနာယူကြသည်။

ထို့နောက် ဆရာတော်ကြီးများအား ပရိယတ္တိတံခွန် စာမေးပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ဦးဇော်ဝင်းကလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဥက္ကဋ္ဌ ဦးမောင်မောင်တိုး က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

ဆက်လက်၍ ပရိယတ္တိတံခွန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော မူခဲ့ကြသည့် စာအောင်အရှင်မြတ် များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်တစ်ဦးတို့အား ပရိယတ္တိတံခွန် စာမေးပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်တိုး၊ အတွင်းရေးမှူး ဦးဌေးမိုး နှင့် အလှူရှင်များက ဘွဲ့လက်မှတ်နှင့်စာအောင်ဆုများကို ဆက်ကပ်ကြသည်။

ယင်းနောက် ပရိယတ္တိတံခွန်စာမေးပွဲကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ အောင်သုခဓမ္မရိပ်သာ ဆရာတော်ထံမှဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။

ပထမပြန်နှင့် ဓမ္မာစရိယ အထောက်အကူပြု ပရိယတ္တိတံခွန်စာမေးပွဲ၏ ပထမနှင့်ဒုတိယအကြိမ် စာမေးပွဲကို သန်လျင်မြို့ပေါ် ရှိစာသင်တိုက်များမှ စာဖြေသံဃာတော်များနှင့် သီလရှင်များ ဝင်ရောက် ဖြေဆိုတော်မူကြပြီး ယခု တတိယအကြိမ် စာမေးပွဲသို့ ရန်ကုန်တောင်ပိုင်း၌ ပရိယတ္တိတံခွန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်ကျင်းပရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်၊ ကျောက်တန်း၊ သုံးခွနှင့် ခရမ်း မြို့နယ် တို့ရှိစာသင်တိုက်များမှ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့ ဝင်ရောက်ဖြေ ဆိုခဲ့ကြသည်။

သတင်းစဉ်

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •