၁၃၈၀ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း - ၁၃၈၀ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

၁၃၈၀ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့/ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် / April 13, 2019


မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သော ၁၃၈၀ ခုနှစ်၊ မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်၌ ယနေ့ ညနေ ၁၇၀၀ နာရီတွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်သင်္ကြန်ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးယိမ်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နေရာယူပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က ၁၃၈၀ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဖွင့်ပွဲ မင်္ဂလာအခါတော်ကြား စာတမ်းအား ဖတ်ကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦဟိုပင် တို့က ၁၃၈၀ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော် မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားအား ဗဟိုမဏ္ဍပ်၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး Universal တေးဂီတအဖွဲ့က “ရွှေဝယ်မြေမှ နွေအလှသင်္ကြန်”သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေနေစဉ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့က တက်ရောက်လာကြသော ဧည့်သည်တော် များနှင့် သင်္ကြန်ယိမ်းအကဖွဲ့များအား အတာရေကိုသပြေခက်ဖြင့် ရိုးရာမပျက် ရေပက်ဖြန်းကြပါ သည်။ 

၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ၊ ဒေသခံပြည်သူ များအား ထားဝယ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့က “ကန်းဗွန်းဒဒ်” သီချင်းဖြင့်လည်းကောင်း၊ အထက ညောင်ဇင်ကျောင်းသူများက  “ရေအိုးရွက်” အကဖြင့်လည်းကောင်း၊ ရတနာရင်သွေးမူကြို ကျောင်းသူလေးများမှ “ဘယ်လိုလူကြီးလဲ” နှင့် “ဟော့တော့” သီချင်းဖြင့်လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ယဉ်ကျေးမှုအကအဖွဲ့မှ  “မြူမှောင်ဝေကင်း”နှင့် “ရွှေဧည့်သည်” သီချင်းဖြင့် လည်းကောင်း သီဆိုကပြဖျော်ဖြေကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

မဟာသင်္ကြန်အကြိုနေ့၊ အကျနေ့နှင့် အကြတ်နေ့များတွင် ဗဟိုမဏ္ဍပ်၌ ပြိုင်ပွဲဝင် သင်္ကြန်ယိမ်းအဖွဲ့များဖြစ်သော ဌာနဆိုင်ရာ၊ တက္ကသိုလ်၊ သင်တန်းကျောင်းကိုယ်စားပြု ယိမ်းအဖွဲ့ (၆)ဖွဲ့နှင့် မြို့နယ်ကိုယ်စားပြု ရပ်ကွက်/ကျေးရွာအုပ်စု ယိမ်းအဖွဲ့(၁၀)ဖွဲ့တို့က ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး အတက်နေ့ ၁၆.၄.၂၀၁၉ ညနေ ၁၇၀၀ နာရီတွင် ယိမ်းပြိုင်ပွဲဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။

 

 

 

 

အထူးသတင်း
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံ တွေ့ဆုံ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေဆွေးနွေး
  •           
  • ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
  •           
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ အန်ရွှမ်းမြို့သို့ ရောက်ရှိလေ့လာ
  •           
  • ဒုတိယမြို့တော်ဝန် နေရာအတွက် မဲဆန္ဒနယ်(၃)မှ မြို့တော်ကော်မတီဝင်အဖြစ် ရွေးကောက် တင်မြှောက် ခံရသည့် ဦးစိုးလွင်အား ရွေးချယ်တင်မြှောက်
  •           
  • တပ်မတော်စစ်ကြောင်းက AA အဖွဲ့ သိုဝှက်ထားသော ရိက္ခာပစ္စည်းများ ရှာဖွေတွေ့ရှိ
  •           
  • မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ၂၀၁၉ ခုနှစ် သင်္ကြန်ကြိုဆိုပွဲ ကျင်းပ
  •           
  • ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
  •           
  • သင်္ကြန်ကာလအကြိုနေရပ်ပြန်ပြည်သူများ၊ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးပညာပေး ဆောင်ရွက်
  •           
  • GAVI ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးနှင့် (၅၂) ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှု ကော်မရှင် အစည်းအဝေးတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်
  •           
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် မြောက်ဦးမြို့ရှိ အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
  •