နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် ဇနီး ဒေါက်တာရွှေလွှမ်းတို့ တက်ရောက်အားပေးချီးမြှင့် - နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် ဇနီး ဒေါက်တာရွှေလွှမ်းတို့ တက်ရောက်အားပေးချီးမြှင့်

နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် ဇနီး ဒေါက်တာရွှေလွှမ်းတို့ တက်ရောက်အားပေးချီးမြှင့်

Ministry of Information/ ​နေပြည်တော် / April 13, 2019
image_latest


နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် ဇနီး ဒေါက်တာရွှေလွှမ်းတို့ တက်ရောက်အားပေးချီးမြှင့်

နေပြည်တော် ဧပြီ ၁၃

မြန်မာသက္ကရာဇ် ၁၃၈၀ပြည့်နှစ် မှ ၁၃၈၁သို့ ကူးပြောင်းသည့် မဟာအတာ သင်္ကြန်ပွဲတော် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၅နာရီတွင် နေပြည်တော်မြို့တော်ခန်းမရှေ့ရှိ အဆိုပါ မဏ္ဍပ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် ဇနီး ဒေါက်တာရွှေလွှမ်းတို့ တက်ရောက် အားပေးချီးမြှင့်သည်။

ဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင် က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့က နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ဒုတိယသမ္မတ နှင့်ဇနီး ၊ ပြည်ထောင်စုရွှေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီးဒေါ်အေးသီတာ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော် မြို့တော်ဝန်နှင့်ဇနီးတို့က ယိမ်းအက အဖွဲ့များအား အတာသင်္ကြန်ရေဖြင့် ပက်ဖျန်းပေးကြသည်။

ယင်းနောက် မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ ဝန်ကြီးဌာနများမှ ယိမ်းအဖွဲ့များ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်များမှ ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းဖြင့်တွဲဖက်၍ ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ တေးသံရှင်များ၊ အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များက အဆိုအက များဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်တွင် မဟာသင်္ကြန်ကာလအတွင်း အနုပညာရှင်များ၊ တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များက ခေတ်ပေါ်တေးဂီတများ၊ ယိမ်းအကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်ပြီး သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများအား မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်ရှေ့ရှိ စတုဒီတာမဏ္ဍပ်၌ အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးသွားမည် ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)    
 

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •