အင်းလေးဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာဂန္ဓကုဋိတိုက်၌ ဖန်စေတီတော် တပ်ဆင် လှူဒါန်းပူဇော်ခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ - အင်းလေးဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာဂန္ဓကုဋိတိုက်၌ ဖန်စေတီတော် တပ်ဆင် လှူဒါန်းပူဇော်ခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

အင်းလေးဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာဂန္ဓကုဋိတိုက်၌ ဖန်စေတီတော် တပ်ဆင် လှူဒါန်းပူဇော်ခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

Ministry of Information/ ​နေပြည်တော် / April 14, 2019
image_latest


နေပြည်တော် ဧပြီ  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက်၌ တပ်မတော်(ကြည်း ၊ ရေ၊ လေ) မိသားစုများစုပေါင်းလှူဒါန်းသည့် ဖန်စေတီတော်တပ်ဆင်လှူဒါန်း ပူဇော်ခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်းတော်ကြီး၌ ကျင်းပသည်။

ကပ်လှူပူဇော်

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညောင်ရွှေမြို့နယ် မိုင်းသောက် ပထမစာသင်တိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု  ဘဒ္တ သုမင်္ဂလာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ် ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့်ဇနီး၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က အင်းလေး ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များ အား မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်းနှင့် သစ်သီးများ ကပ်လှူပူဇော်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးနှင့်အခမ်းအနား တက်ရောက်လာကြသူများသည် မိုင်းသောက်ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များအား နာယူကြသည်။

ရေစက်သွန်းချ

ထို့နောက် မိုင်းသောက်ပထမစာသင်တိုက်ဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု ဘဒ္တ သုမင်္ဂလာ ဘိဝံသက ဩဝါဒစကားမြွက်ကြားသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော် အရာရှိကြီးများနှင့် အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော် သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အင်းလေးဒေသ အင်းလျားကျောင်းဓမ္မကထိက ဗဟုဇနဟိတ ဓရ ဘဒ္တဓမ္မဝရ ဆရာတော်ထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် မိုင်းသောက်ပထမ စာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္တ သုမင်္ဂလာ ဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များက စက်ခလုတ်နှိပ်၍ ဖန်စေတီတော် မြတ်အား ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်ကြီးဘုရားသို့  ပူဇော်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော် အရာရှိကြီးများသည် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ဖန်စေတီတော်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့်   အင်းလေး ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက်၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများစုပေါင်းလှူဒါန်းသည့် ဖန်စေတီတော်သည် အချင်း ၄ ပေ ၈ လက်မ၊ အမြင့် ၃ ပေ ၂ ဒသမ ၅လက်မ၊ အထူ ၁ လက်မရှိကြောင်း သိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အင်းလေးဒေသရှိ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ အင်းလေးကန်ရေရှည်တည်တံ့ပြီး စိမ်းလန်းစိုပြည်ရေး၊ အင်းလေးကန်အား ပလတ်စတစ်ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်သင့်မှုနှင့် ကန်အတွင်းမှ ဗေဒါပင်များ ဆယ်ယူရေးအတွက် စက်ယန္တရားများတိုးချဲ့နိုင်ရေး၊ ဗေဒါပင်များမှ သဘာ၀မြေဩဇာ ထုတ်လုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ လျှော့ချရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။     
သတင်းစဉ်
 

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •