အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး မြဝတီမြို့ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အခမ်းအနား တက်ရောက် - အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး မြဝတီမြို့ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အခမ်းအနား တက်ရောက်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး မြဝတီမြို့ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အခမ်းအနား တက်ရောက်

Ministry of Information/ မြဝတီ / April 14, 2019
image_latest


မြဝတီ  ဧပြီ  ၁၃

ကရင်ပြည်နယ် မြဝတီမြို့၏ ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို မြဝတီမြို့  အမှတ်(၄)ရပ်ကွက်  သောင်ရင်းခန်းမအနီးဗဟိုမဏ္ဍပ်၌   ယနေ့ညနေ ၅ နာရီတွင် ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး နန့်ကြင်ကြည်တို့ တက်ရောက်ချီးမြှင့်သည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တစ်ဖက်အိမ်နီးချင်း ထိုင်းနိုင်ငံမှ တာ့(ခ်)ခရိုင်  အုပ်ချုပ်ရေးမှူးနှင့် ဇနီး အပါအဝင် တာဝန်ရှိသူများ တက်ရောက် အားပေးသည်။

နှုတ်ခွန်းဆက်စကား ပြောကြား

ရှေးဦးစွာ အခမ်းအနားတွင် မြဝတီခရိုင် မြဝတီမဟာသင်္ကြန်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က မြူမှောင်ဝေကင်းသီချင်းဖြင့် ဖျော်ဖြေပြီး ဆက်လက်၍ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက်    မြဝတီမြို့၏မြန်မာ့ရိုးရာ ယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်ကျော်ဇေယျ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်   အိုက်ကျန်ခမ်း၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး  ဦးတေဇာအောင်၊ အိမ်နီးချင်းထိုင်းနိုင်ငံမှ   တာ့(ခ်)ခရိုင်အုပ်ချုပ်ရေးမှူး  ကျလိန်းလစ်  စငွန်စတ်၊   သင်္ဃန်း ညီနောင်တပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နိုင်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော် ကိုကိုနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ မှ အဖွဲ့ဝင် ဦးစိန်သောင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး၊ တာ့(ခ်)ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူများ၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသူများ မှတ်တမ်းတင်ဓာတ်ပုံ အမှတ်တရ ရိုက်ကူးပြီး ၁၃၈၀ ပြည့်နှစ် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ရေဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပက်ဖျန်းကြသည်။  

ဆက်လက်၍ မြန်မာ- ထိုင်းချစ်ကြည်ရေးနှစ်ဖက်ယိမ်းအဖွဲ့များက အတာသင်္ကြန် နှစ်သစ်ကူးတေးသီချင်း များဖြင့် သီဆိုဖျော်ဖြေကြပြီး မြဝတီမြို့ အတာသင်္ကြန်ပြိုင်ပွဲဝင် ယိမ်းအဖွဲ့ ငါးဖွဲ့၊ ဖျော်ဖြေရေးယိမ်းအဖွဲ့ ၂၆ ဖွဲ့ တို့က မြန်မာ့ ရိုးရာ သင်္ကြန်သီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေကြသည်။

သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-မင်းထက်
 

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •