မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ - မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

Ministry of Information/ မန္တလေး / April 14, 2019
image_latest


မန္တလေး   ဧပြီ    ၁၃

၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ  သင်္ကြန်ပွဲတော် မန္တလေးမြို့တော် မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို   ဧပြီ  ၁၃  ရက် နံနက် ၇ နာရီ ၃၅ မိနစ်က မန္တလေးမြို့  ၂၆  လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ  အဆိုပါ  မဏ္ဍပ်၌ ကျင်းပသည်။

 ရှေးဦးစွာ          မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်     နာယက ဦးသိန်းတန်၊  အငြိမ်းစား ပါမောက္ခ  စာရေး ဆရာ ဒေါက်တာချစ်မောင်၊  နိုင်ငံခြားဘာသာ  တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင့်တင့်၊ သူနာပြုတက္ကသိုလ်ပါမောက္ခချုပ်  ဒေါက်တာ  ခင်သက်ဝေနှင့် မန္တလေးနေ့စဉ်သတင်းစာ  အယ်ဒီတာချုပ်ဆရာကြီး  နတ်မောက်ထွန်းရှိန်တို့က  မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်  ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ငြိမ်းချမ်းရေး ပူဖောင်းလွှတ်ပေး

ဆက်လက်၍   တိုင်းဒေသကြီး ဝန်ကြီးချုပ်      ဒေါက်တာဇော်မြင့်မောင်နှင့်     ဝန်ကြီးများ၊ ကြွရောက်လာသည့်  ဧည့်ပရိသတ်များက  မြန်မာပြည်ကြီး     ငြိမ်းချမ်းစေရန်အတွက်  ငြိမ်းချမ်းရေးပူဖောင်း   အလုံး ၁၅၀၀  အား လွှတ်တင်ပေးကြသည်။

 ထို့နောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်   ဒေါက်တာဇော်မြင့်မောင်က မန္တလေးသင်္ကြန် ပွဲတော်ကို   ရည်ရွယ်ချက်   နှစ်ရပ်ဖြင့် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ပထမအချက်အနေဖြင့်   အကြိုနေ့   အရုဏ်တက်တွင်   သံဃာတော် များအား   ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြောင်း၊    ဒီအလှူဒါနသည်   မန္တလေးပြည်သူအားလုံး၏  ကောင်းမှု ကုသိုလ်  ဖြစ်ကြောင်း၊    ဒုတိယအချက်အနေဖြင့်  မန္တလေးသင်္ကြန်တွင်  ဆင်းရဲချမ်းသာ   လူမျိုး ဘာသာမရွေး အားလုံးပါဝင်  ရေကစားနိုင်ရန်  လမ်းလျှောက်သင်္ကြန်ကို   ပုံဖော်ခဲ့ကြောင်း၊  ယခုလမ်းလျှောက်သင်္ကြန်ပွဲတော်တွင် လူတိုင်း ပါဝင်ဆင်နွှဲနိုင်ကြပြီး  အားလုံးပျော်ရွှင်ခဲ့ကြသည်ကို တွေ့မြင်ရသည့်အတွက် လမ်းလျှောက် သင်္ကြန်၏  အောင်မြင်မှု သည်  တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားသည့်အတွက် မန္တလေးပြည်သူများ အနေဖြင့် ဂုဏ်ယူစရာ ဖြစ်ကြောင်း။

 ယခုနှစ်    မန္တလေးသင်္ကြန်ပွဲတော်တွင်  တိုင်းရင်းသားသွေးချင်းများ၏  စုပေါင်းမဟာ သင်္ကြန်ကို   ထပ်မံထည့်သွင်း ထားကြောင်း၊ မြန်မာနိုင်ငံတွင်  ပြည်ထောင်စုဖွား တိုင်းရင်းသားပေါင်းစုံ  ငြိမ်းချမ်းပျော်ရွှင်စွာ  စုပေါင်းနေထိုင်ကြပြီး      မြန်မာ့နှစ်သစ်ကူး အချိန်အခါတွင် တိုင်းရင်းသားအသီးသီးက မိမိတို့ ဓလေ့ထုံးစံအတိုင်း နှစ်သစ်ကူးသင်္ကြန်ပွဲ ကို ဆင်နွှဲကြကြောင်း၊ ယခုနှစ်တွင်  တိုင်းရင်းသားသွေးချင်းများ မန္တလေးသင်္ကြန်တွင် မိမိတို့ ဓလေ့ထုံးစံအတိုင်း  စုပေါင်းပါဝင်ဆင်နွှဲ နိုင်စေရန် စီစဉ်ထားကြောင်း။

မျှော်မှန်းထား

သင်္ကြန်ကို   အခြေခံပြီး   တိုင်းရင်းသား သွေးချင်းများ၏    ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မြဲကာ    ပြည်ထောင်စုကြီး   ငြိမ်းချမ်း သာယာရန်အတွက်  မျှော်မှန်းထားကြောင်း၊ ယခုလို ချစ်ကြည်ရင်းနှီးမှုသည် မြန်မာနိုင်ငံတစ်ဝန်းလုံးကို   ကျယ်ပြန့်စေချင်ကြောင်း၊ တိုင်းရင်းသားများအားလုံး  စည်းလုံးညီညွတ်သည့်      ပြည်ထောင်စုကြီး   ဖြစ်စေ ချင်ကြောင်း။

မဟာသင်္ကြန်ပွဲကို ပါဝင်ဆင်နွှဲကြသည့် တိုင်းရင်းသားများအားအမှာစကားပါးလိုသည်မှာ မန္တလေးသင်္ကြန်ကို အတူတူဆင်နွှဲရင်း တွေ့ကြုံခံစားရသည့် ရင်းနှီးမှုနှင့်  မေတ္တာတရားများကို  မိမိတို့ဒေသတွင်   ပြန်လည် ဖြန့်ဝေ ပေးစေလိုကြောင်း။

မိမိတို့နိုင်ငံ ငြိမ်းချမ်းစေရန် စီးပွားရေး ကောင်းမွန်ပြီး နိုင်ငံသားတိုင်း လူနေမှုအဆင့် မြင့်မားလာကြရန်၊   တရားဥပဒေ စိုးမိုးပြီး ပြည်သူလူထုအတွက် ဒီမိုကရေစီကို ဖော်ဆောင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရန်နှင့်  အားလုံးလိုလားနေသည့် ဒီမိုကရေစီအစစ်အမှန်ကို   အခြေခံသည့် ဖယ်ဒရယ်ပြည်ထောင်စုကြီး    ဖြစ်ပေါ်လာ စေရန်  ဆောင်ရွက်ကြရမည့်  တာဝန်သည် ကျွန်ုပ်တို့အားလုံးအတွက်  သမိုင်းပေးတာဝန် ဖြစ်ကြောင်း။

ချစ်ကြည်ရင်းနှီးမှု

ထိုတာဝန်ကို ကျေပွန်အောင်  ဆောင်ရွက်ရန်အစိုးရနှင့်    ပြည်သူလူထုအားလုံးမှာ တာဝန်ရှိကြောင်း၊  ကျွန်ုပ်တို့   မျိုးဆက်က  ထမ်းဆောင်ရမည့်  သမိုင်းပေးတာဝန် ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ မျိုးဆက်က တာဝန် ကျေပွန်အောင်  အစိုးရနှင့်   ပြည်သူလူထု လက်တွဲပြီး ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း။  

ကျွန်ုပ်တို့ မျိုးဆက်က ထမ်းဆောင်ရမည့် တာဝန်များကို ဖော်ဆောင်ရာတွင် အောင်မြင်မှုများ    ရရှိရန်အတွက်   ပြည်ထောင်စုဖွား တိုင်းရင်းသားများ   အချင်းချင်းချစ်ကြည်မှု၊   နားလည်မှုရှိကြရန်    အရေးကြီးကြောင်း၊  ကျွန်ုပ်တို့    အားလုံးချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ကြပြီး ယခုနှစ်မန္တလေးမဟာ သင်္ကြန်ပွဲတော်ကို  ငြိမ်းချမ်းပျော်ရွှင်စွာ  အတူတကွ ဆင်နွှဲကြစေလိုကြောင်း နှုတ်ခွန်း ဆက် အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍   ဝန်ကြီးချုပ်ကဖွင့်ပွဲ အခမ်းအနားသို့  တက်ရောက်လာကြသည့်  ဒေသခံပြည်သူများ၊ တိုင်းရင်းသားလူမျိုးများ၊  ယိမ်းအဖွဲ့များနှင့် အပြန်အလှန် သပြေခက်ဖြင့် ရေပက်ဖျန်းကာ အတာသင်္ကြန်ပွဲကို ပျော်ရွှင်  စွာ ဆင်နွှဲခဲ့သည်။

ယင်းနောက်     မန်းစည်ပင်ယိမ်းအဖွဲ့၊ ယဉ်ကျေးမှုတက္ကသိုလ်   အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ယိမ်းအဖွဲ့များနှင့်  ကျောင်းသူ အင်အား ၅၀၀ တို့က  ဖွင့်ပွဲအထိမ်းအမှတ်  သီချင်းဖြစ်သည့် မန်းတောင်ရိပ်ခိုသီချင်းနှင့်  အောင်မြင်ပါစေ မြန်မာပြည်သီချင်းတို့အား တက္ကသိုလ်ခင်မြလွင်ဆိုင်းအဖွဲ့၊    shell တီးဝိုင်းတို့နှင့်အတူ  တွဲဖက်၍  ယိမ်းအက များဖြင့်  ကပြဖျော်ဖြေခဲ့ကြပြီး  မန္တလေးမြို့  ဂုဏ်ဆောင်    မြို့ငွေငန်းအလှပြယာဉ် ဦးဆောင်သည့်  အလှပြယာဉ်များ၊  သံချပ် အသင်းအဖွဲ့များက    မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ရှေ့မှ    ဖြတ်သန်းဂါရ၀ပြုခြင်းများ  ဆောင်ရွက်ခဲ့ကြ သည်။

မင်းထက်အောင်(မန်းကိုယ်ပွား) တင်မောင်(မန်းကိုယ်ပွား)
ဓာတ်ပုံ- အောင်ဖြိုးကျော်
 

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •