မဟာသင်္ကြန် ပွဲတော် (အကြတ်နေ့ ) ရေပက်ကစားကြသူများ စတုဒိတာ ကျွေးမွေးလှူဒါန်းကြသူများဖြင့် မန္တလေး မြို့တော်တစ်ခွင် အထူးစည်ကား - မဟာသင်္ကြန် ပွဲတော် (အကြတ်နေ့ ) ရေပက်ကစားကြသူများ စတုဒိတာ ကျွေးမွေးလှူဒါန်းကြသူများဖြင့် မန္တလေး မြို့တော်တစ်ခွင် အထူးစည်ကား

မဟာသင်္ကြန် ပွဲတော် (အကြတ်နေ့ ) ရေပက်ကစားကြသူများ စတုဒိတာ ကျွေးမွေးလှူဒါန်းကြသူများဖြင့် မန္တလေး မြို့တော်တစ်ခွင် အထူးစည်ကား

ပြန်ကြားရေးဝန်ကြီးဌာန/ မန္တလေး / April 15, 2019
image_latest


မန္တလေး ဧပြီ ၁၅

မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် (အကြတ်နေ့) တွင် မန္တလေးမြို့ နေရာအနှံ့အပြား၌ ရေပက်ကစားကြသူများ စတုဒိတာ ကျွေးမွေးလှူဒါန်းကြသူများ ကောင်းမူကုသိုလ်ပြုသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။

အကြတ်နေ့တွင် မန္တလေးမြို့ ကျူံးအနောက်ဘက်ရှိ ဖျော်ဖြေရေးမဏ္ဍပ်များ ရေကစားမဏ္ဍပ်များ၏ သီဆိုဖျော်ဖြေမူများတွင် ရေပက်ခံရင်း မြူးထူးပျော်ရွှင်စွာ ကခုန်လျက်ရှိသည့်အပြင် ကျူံးတောင်ဘက်အခြမ်း၌ ကျင်းပလျက်ရှိသည့် လမ်းလျှောက် သင်္ကြန်ပွဲတော်၌ ဒေသခံပြည်သူများ သာမက ပြည်တွင်းပြည်ပ ခရီးသွားများလည်း ပါဝင်ဆင်နွှဲကြသည့်အတွက် တိုးမပေါက်အောင် စည်ကားလျက်ရှိသည်။

" မန္တလေးမြို့ လမ်းလျှောက် သင်္ကြန်ပွဲတော်ကတော့  ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့ရှိပြီး ပြင်ဆင်ကျင်းပသွားတာ တွေ့ရတယ် ရေကစားမဏ္ဍပ်တွေ ဖျော်ဖြေရေးမဏ္ဍပ်တွေမှာ ရေပက်ခံရင်း စတုဒိတာ မဏ္ဍပ်တွေမှာ ကိုယ်စားခြင်းတဲ့ အစားစာတွေကို ဝင်တန်းစီရင်း စားလို့ရတယ်။ လမ်းလျှောက်ပြီး လည်ပတ်ရတော့ လွတ်လပ်ပေါ့ပါးပြီး အန္တရာယ်ကင်း ပါတယ်" ဟု ပုသိမ်ကြီးမြို့နယ်မှ မိသားစုလိုက် ရေပက်ခံထွက်လာသည့် ကိုဇင်လင်းထွန်း က ပြောကြားခဲ့သည်။

ထို့အပြင် ကျူံးအရှေ့ဘက်ခြမ်းတွင် ကျင်းပလျက်ရှိသည့် တောသင်္ကြန်ပွဲတော်တွင်  နေ့ည ရောင်းချနေသည့် ဆိုင်ခန်း များတွင် တပျော်တပါး ဝယ်ယူစားသုံးနေကြသည့် သင်္ကြန်ချစ်သူများဖြင့် အထူးစည်းကားလျက် ရှိသည့်အပြင် သင်္ကြန်အကြို့နေ့က ဖွင့်လှစ်လိုက်သည့် အဆင့်မြှင့်တင် ပြုပြင်ထားသော ကျူံးအရှေ့ဘက် အပန်းဖြေ လျှောက်လမ်းနေရာများတွင်လည်း အနားယူ အပန်းဖြေနေသူများ အလှဓာတ်ပုံ ရိုက်ကူးသူများဖြင့် စည်းကားလျက်ရှိသည်။

ထို့အပြင် ယခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် မဟာအောင်မြေမြို့နယ် မနော်ရမ္မံကွင်းရှိ တိုင်းရင်းသား သွေးချင်း များ၏ စုပေါင်းမဟာသင်္ကြန် မဏ္ဍပ်တွင်လည်း တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာအကအလှများ ယိမ်းအဖွဲ့များနှင့် သံချပ် အသင်းများ၏ ဖျော်ဖြေတင်ဆက်မှုများကို လာရောက်အားပေး ကြည့်ရှုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

သင်္ကြန်မွန်းလွဲပိုင်းတွင် မန္တလေးမြို့၏ ပူပြင်းသည့် အပူဒဏ်ကို ရှောင်လွှဲနိုင်ရန် သင်္ကြန်လည်ပတ်သူများသည် မန္တလေးမြို့ တန်ခိုးကြီး ဘုရားများဖြစ်သော မဟာမုနိ၊ ကုသိုလ်တော်၊ စန္ဒာမုနိ ကျောက်တော်ကြီးဘုရား မန္တလေးမြို့တွင်းရှိ ဘုရားများနှင့် မြို့ပြင်ရှိ တောင်သမန် ဦးပိန်တံတား  မန္တလေးမြို့အနီးရှိ သုံးမိုင် ငါးမိုင်ခြောက်မိုင် ခုနှစ်မိုင် နေရာများတွင်  လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည့်အပြင် မြို့တွင်းလမ်းတစ်လျှောက် စတုဒိသာကျွေးမွေး လှူဒါန်းသူများကိုလည်း တွေ့ရသည်။

ညနေပိုင်းနှင့် ညပိုင်းတို့တွင် ကျူံးအရှေ့ဘက်ခြမ်းရှိ တောသင်္ကြန်ပွဲတော်တွင် ဖျော်ဖြေတင်ဆက်သည့် ရုပ်သေးအက၊ ဆင်အကနှင့် ခြင်းအလှခတ်ပွဲများကို လာရောက်အားပေးကြည့်ရှုသူများ စည်ကားလျက်ရှိပြီး ကျုံးတောင်ဘက်ခြမ်းရှိ မြို့တော် မဟာသင်္ကြန်ပွဲ၌ တက္ကသိုလ် ခင်မြလွင်၊ ရှဲတေးဂီ အဖွဲ့တို့၏ တီးခတ်မှုများနှင့်အတူ အနုပညာရှင်များ နိုင်ငံကျော် အဆိုတော်များ ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများကို အားပေးကြည့်ရှုသူများဖြင့် တိုးမပေါက်အောင် အထူးစည်ကားလျက်ရှိသည်။

မင်းထက်အောင် ( မန်းကိုယ်ပွား)

တင်မောင် (မန်းကိုယ်ပွား)
 

အထူးသတင်း
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံ တွေ့ဆုံ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေဆွေးနွေး
  •           
  • ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
  •           
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ အန်ရွှမ်းမြို့သို့ ရောက်ရှိလေ့လာ
  •           
  • ဒုတိယမြို့တော်ဝန် နေရာအတွက် မဲဆန္ဒနယ်(၃)မှ မြို့တော်ကော်မတီဝင်အဖြစ် ရွေးကောက် တင်မြှောက် ခံရသည့် ဦးစိုးလွင်အား ရွေးချယ်တင်မြှောက်
  •           
  • တပ်မတော်စစ်ကြောင်းက AA အဖွဲ့ သိုဝှက်ထားသော ရိက္ခာပစ္စည်းများ ရှာဖွေတွေ့ရှိ
  •           
  • မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ၂၀၁၉ ခုနှစ် သင်္ကြန်ကြိုဆိုပွဲ ကျင်းပ
  •           
  • ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
  •           
  • သင်္ကြန်ကာလအကြိုနေရပ်ပြန်ပြည်သူများ၊ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးပညာပေး ဆောင်ရွက်
  •           
  • GAVI ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးနှင့် (၅၂) ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှု ကော်မရှင် အစည်းအဝေးတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်
  •           
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် မြောက်ဦးမြို့ရှိ အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
  •