သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ - သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ

သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ

Ministry of Information/ ​နေပြည်တော် / April 15, 2019
image_latest


ရန်ကုန် ဧပြီ ၁၅

သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး  မစ္စတာ တီလက်မာရာပါနာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် မြန်မာ - သီရိလင်္ကာ ပူးတွဲကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက် ၈ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။

သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. E.M.M . Nandimithra  Ekanyake   တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသည် ခရီးစဉ်အတွင်း ပုဂံမြို့နှင့် ရန်ကုန်မြို့တို့ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ နေရာများသို့လည်း သွားရောက်လေ့လာ လည်ပတ်ခဲ့ကြသည်။

(သတင်းစဉ်)
 

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •