တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ထားဝယ်မြို့နယ်ရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ - တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ထားဝယ်မြို့နယ်ရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ထားဝယ်မြို့နယ်ရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့/ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ် / May 16, 2019


ယနေ့နံနက် ၀၉:၀၀ နာရီအချိန်တွင် ထားဝယ်မြို့ ၊ မြို့တော်ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တာဝန်ယူသည့်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် အခြေအနေ ပေါ်မူတည်၍ ဒေသခံပြည်သူများ၏ အကြုံပြုချက်များနှင့် သိရှိလိုသည်များကို မေးမြန်းရန် တွေ့ဆုံပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အဓိက စိန်ခေါ်မှုအနေဖြင့် လမ်း၊ လျှပ်စစ်မီး၊ မြေယာကိစ္စများကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေယာကိစ္စနှင့်ပတ်သက်၍ ဥပဒေနှင့် မညီသည်များကို ပြန်လည်ဆောင်ရွက်နေပါကြောင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လူမှုအကျိုး စီးပွားမြင့်မားရေး၊ ဒေသအတွင်း တရားဥပဒေစိုးမိုးရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့ကို အလေးထား၍ ဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီးအတွက် အသေးစား ၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ပေါ်ပေါက်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်တာဝန် ထမ်းဆောင်ရာတွင် ပြည်သူကိုစေတနာထားရမည် ဖြစ်ကြောင်း၊ ယခုအစည်းအဝေးသို့ မတက်ရောက်နိုင်သော ပြည်သူများအနေဖြင့် မိမိတို့၏ အခက်အခဲများကို စာဖြင့်တင်ပြနိုင်ကြောင်းနှင့် ထိရောက်စွာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ က ဝန်ကြီးဌာနအလိုက် ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများ က ဒေသအတွင်း လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

( တိုင်းဒေသကြီးပြန်/ဆက် )

 

 

 

 

 

 

 

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •