အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ (၂၀၁၈-၂၀၂၀) ရှင်းလင်းခြင်းနှင့် ပေါင်းစပ် ဆောင်ရွက်မှုလုပ်ငန်းစဉ် ဆွေးနွေး - အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ (၂၀၁၈-၂၀၂၀) ရှင်းလင်းခြင်းနှင့် ပေါင်းစပ် ဆောင်ရွက်မှုလုပ်ငန်းစဉ် ဆွေးနွေး

အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ (၂၀၁၈-၂၀၂၀) ရှင်းလင်းခြင်းနှင့် ပေါင်းစပ် ဆောင်ရွက်မှုလုပ်ငန်းစဉ် ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / May 16, 2019
image_latest


နေပြည်တော်၊ မေ ၁၅

မြန်မာနိုင်ငံ အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ (၂၀၁၈-၂၀၂၀) ကို မြန်မာနိုင်ငံအစိုးရအဖွဲ့ အတည်ပြုချက်ဖြင့် ထုတ်ပြန်ထားပြီးဖြစ်ရာ အဆိုပါမဟာဗျူဟာ အကောင်အထည်ဖော်မှုအတွက် ရှင်းလင်းခြင်းနှင့် ပေါင်းစပ်ဆောင်ရွက်မှု လုပ်ငန်းစဉ် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၃ နာရီက နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာရေးဆွဲ အကောင်အထည် ဖော်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဗဟိုအဖွဲ့ဝင်များ၊ ဆက်စပ်ဝန်ကြီး ဌာနများမှ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လုံ/နယ်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များမှ တပ်ဖွဲ့မှူးများ၊ ပြည်တွင်း/ပြည်ပမှ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် သံရုံးများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး က မြန်မာနိုင်ငံအမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာရေးဆွဲထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Mr. Troels Vestor က ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လုံ/နယ်ဝန်ကြီးများ၊ ရဲတပ်ဖွဲ့မှူးများက သိရှိလိုသည်များ မေးမြန်း၍ စီမံချက်အကောင်အထည်ဖော်မှုများအတွက် အကြံပြု ဆွေးနွေးခြင်းများ ဆောင်ရွက်သည်။

မြန်မာနိုင်ငံ အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ (၂၀၁၈-၂၀၂၀) အကောင်အထည်ဖော်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်တွင် ပေါ်ပေါက်လာမည့် မှုခင်းများအား ကြိုတင်ကာကွယ်တားဆီးနိုင်ရေး အတွက် မဟာဗျူဟာ ရေးဆွဲဆောင်ရွက်ခြင်းဖြစ်ပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်မှု ဖြစ်ပါကြောင်း သိရသည်။

(သတင်းစဉ်)

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •