တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် လောင်းလုံးမြို့နယ်ရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ - တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် လောင်းလုံးမြို့နယ်ရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် လောင်းလုံးမြို့နယ်ရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့/ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် / May 16, 2019


ယနေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် လောင်းလုံးမြို့နယ်၊ ဗထူးခန်းမ၌ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့်အမှာစကား ပြောကြားရာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့သည် နိုင်ငံတော်၏မူဝါဒ(၃)ရပ်နှင့်အညီ ဖော်ဆောင်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား(၂)နှင့်အညီ တိုင်းဒေသကြီးလွှတ်တော် မှ အတည်ပြုပြဋ္ဌာန်းသည့် ဥပဒေ၊ နည်းဥပဒေ များ၊ ဌာနဆိုင်ရာအသီးသီးမှ ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ စီမံခန့်ခွဲလျက်ရှိပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး သည်ငြိမ်းချမ်းရေးရရှိပြီးသော တိုင်းဖြစ်သည်နှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာ ကောင်းများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အခြေခံမူ(၁)ရပ်ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရက လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လောင်းလုံးမြို့နယ်သည် ထူးခြားသော ဝိသေသလက္ခဏာအခြေအနေများရှိပြီး လှပသောပင်လယ် ကမ်းခြေများ၊ ကျွန်းများပိုင်ဆိုင်ထားပါကြောင်း၊ ၎င်းတို့ကိုအခြေပြု၍ ခရီးသွားပြည်သူများ တိုးတက်များပြားလာပြီး အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာသည်ကို တွေ့ရှိရသဖြင့် ဝမ်းသာမိပါကြောင်း၊ ဒေသခံပြည်သူများကလည်း ခရီးသွားလုပ်ငန်းကိုအခြေပြု၍ ရင်းနှီးမြှုပ်နှံမှုများ ရှိလာစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် လွယ်ကူအဆင်ပြေစေရန် မူဝါဒများ၊ လုပ်ထုံးလုပ်နည်း များ၊ ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲလျက်ရှိပါကြောင်း၊ တနိုင်တပိုင်လုပ်ကိုင်သူများ၊ လုပ်ငန်းရှင် များ၊ ရင်းနှီးမြှုပ်နှံသူများအဆင်ပြေလာမည်ဟု မျှေော်လင့်ပါကြောင်း၊ အုပ်ချုပ်ရေးအနေဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများသည် ဥပဒေနှင့်အညီ ရွေးချယ်ခံရသူများဖြစ်သဖြင့် ဥပဒေများကို လေးစား လိုက်နာရမည်ဖြစ်ပြီး တာဝန်ယူဖြေရှင်းရမည့် ပြဿနာများကိုလည်း ဥပဒေနှင့်အညီ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်စေရန်နှင့် တရားဥပဒေ စိုးမိုးမှုများရှိစေရန်အတွက် အစိုးရတစ်ရပ်အနေဖြင့် စီမံခန့်ခွဲသည့် ပုံစံမဟုတ်ဘဲ ပြည်သူလူထုများ ကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူ ပူးပေါင်းပါဝင်မှသာ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက် လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဝန်ကြီး ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများနှင့် ဒေသခံပြည်သူများက တင်ပြကြရာတွင် စည်းကမ်းမဲ့ တောင်ယာခုတ်မှုများအား တားဆီးနိုင်ရေး၊ အန္တရာယ်ရှိ ကျောင်းဆောင်ပြုပြင်ပေးနိုင်ရေး၊ မြေသား လမ်းအား ကျောက်ခင်းလမ်းအဆင့်မြှင့်တင်နိုင်ရေး၊ ရွာပတ်လမ်းရရှိနိုင်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲနေ မှုများနှင့် ရောင်းချနေမှုများအား ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းပေးနိုင်ရေး၊ ရပ်ကွက်/ ကျေးရွာများတွင် လျှပ်စစ်မီတာ အလုံအလောက်ရရှိနိုင်ရေး၊ ကျေးရွာများတွင် မီးရရှိနိုင်ရေး၊ ချောင်းကောမြောင်းကောများတူးဖော်နိုင်ရေး၊ မြေထိန်းနံရံပြုလုပ်ပေးနိုင်ရေး၊ ကျောင်းဖွင့်ရာသီ ရောက်ရှိတော့မည်ဖြစ်သဖြင့် ကျောင်းအနီးပတ်ဝန်းကျင်တွင် ခြင်နိုင်ဆေးဖြန်းပေးရေး၊ စပါး အရောင်းဝယ်ကိစ္စများတွင် အလေးတင်းတောင်း မှန်မှန်ကန်ကန်ဖြစ်အောင် ကူညီဆောင်ရွက် ပေးရေး၊ လယ်သမားအရေးကူညီဆောင်ရွက်ပေးရေး၊ သစ်မာစိုက်ခင်းများနှင့်ပတ်သက်ပြီးစိစစ်ပေးရေး၊ ထောင့်ကွယ်မြို့ဟောင်းအား ဖေါ်ထုတ်ပေးနိုင်ရေး၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ဖေါ်ထုတ်ပေးနိုင်ရေး၊ မြေဂရန်ရရှိနိုင်ရေး၊ လမ်းဘေးပလက်ဖောင်းပြုပြင်ပေးနိုင်ရေး၊ ရွာချင်းဆက် လမ်းဖောက်လုပ်ပေးနိုင်ရေး၊ ပျက်စီးနေသည့်တံတားများ ပြုပြင်ပေးနိုင်ရေး၊ ကျေးရွာအတွင်း ရေရရှိနိုင်ရေး စသည့် လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို နေ့လယ် ၁၁:၄၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

 

 

 

 

 

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •