အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး(၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး(၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး(၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Ministry of Information/ ​နေပြည်တော် / June 12, 2019
image_latest


နေပြည်တော် ဇွန် ၁၂

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေးအတွက် ဆဋ္ဌမ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးသောင်းထွန်း အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) အကောင်အထည်ဖော်မှုတွင် အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က မြန်မာ နိုင်ငံမှ အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ၂၀၁၉ ခုနှစ် နှစ်အလိုက် အေအီးစီ ဦးစားပေးအကောင်အထည်ဖော်ရမည့် လုပ်ငန်း များ၊ (၂၅)ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့် အစည်းအဝေး၏ ရလဒ်များနှင့် အေအီးစီ ၂၀၂၅ စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်မူဘောင်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှဆောင်ရွက်နေသောCountry Visit ကို ၂၀၁၉ ခုနှစ် တွင် မြန်မာနိုင်ငံမှ လက်ခံဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ထို့ပြင် အေအီးစီအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ၂၀၁၉ခုနှစ်အတွက် အာဆီယံ နိုင်ငံများအားလုံးမှ ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းစဉ် စုစုပေါင်း (၁၇၀)ခုရှိပြီး၊ လုပ်ငန်းစဉ် (၃၅)ခုအကောင်အထည် ဖော်ပြီးစီးနေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်၂၀၁၉ ခုနှစ် ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်း ကိစ္စရပ် (၁၆၆) ခုအနက် ဇွန်လ အထိ လုပ်ငန်းစဉ် (၃၈)ခုကို ပြီးစီးအောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင် ခဲ့ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် လုပ်ငန်းကိစ္စရပ်များကို သတ်မှတ် အချိန်ဇယားအတိုင်း လိုက်ပါဆောင် ရွက်ပေးကြရန်နှင့် ကျန်လုပ်ငန်းကိစ္စရပ်များ ကို အရှိန်အဟုန်ဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေး စေလိုကြောင်းပြည် ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင် ကျော်က အေအီးစီ ၂၀၂၅ ကိုဖော်ဆောင်ရန် ၂၀၁၉ ခုနှစ်နှစ်အလိုက် ဦးစားပေးအကောင်အထည် ဖော်ရမည့် လုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် ၂၀၁၉ ခုနှစ်အတွင်းမြန်မာနိုင်ငံက Country Visit ကိုလက်ခံ ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကမိမိတို့၏ လုပ်ငန်းကော်မတီ အလိုက် အေအီးစီအကောင်အထည်ဖော်မှုလက်ရှိအခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကိုရှင်း လင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ လုပ်ငန်း စီမံချက်ပါ သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၏ ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များအကြံပြုဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နံနက် ၁၁ နာရီခွဲတွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
(သတင်းစဉ်)
 

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •