ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်းနှင့် ရွှေနံသာအိမ်ရာစီမံကိန်းများအား ကြည့်ရှု့စစ်ဆေး - ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်းနှင့် ရွှေနံသာအိမ်ရာစီမံကိန်းများအား ကြည့်ရှု့စစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်းနှင့် ရွှေနံသာအိမ်ရာစီမံကိန်းများအား ကြည့်ရှု့စစ်ဆေး

Ministry of Information/ ​နေပြည်တော် / June 13, 2019
image_latest


နေပြည်တော် ဇွန် ၁၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက် နေသော နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ စီမံကိန်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ရွှေနံသာ အိမ်ရာများ အား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးသည်။

လိုအပ်ချက်များမှာကြား

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်း ရှင်းလင်းဆောင်တွင် ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က အငှားအိမ်ရာ စီမံကိန်းဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် အိမ်ရာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များနှင့် မြို့ပြ/လျှပ်စစ်/ ရေသန့်နှင့် အရည်အသွေး ထိန်းသိမ်း ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင် အတွင်းရှိ (၁၂) ခန်းတွဲ (၅) ထပ်အဆောက်အဦဆောက်လုပ်နေမှုတို့ကို လိုက်လံကြည့်ရှု့ စစ်ဆေးပြီး တည် ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အထူးအလေးထားဆောင်ရွက်ရန် တာဝန်ရှိသူ များအားမှာ ကြားသည်။

ကြည့်ရှုစစ်ဆေး

နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းသည် ဧရိယာအားဖြင့် ဧက (၁၀၀) ခန့်ရှိပြီး Master Plan အရ(၃၃ ဒသမ ၂၉၈) ဧကတွင် (၁၂) ခန်းတွဲ (၅) ထပ်အဆောက်အဦ (၇) လုံး (၄၂၀) ယူနစ်၊ (၄) ခန်းတွဲ (၄) ထပ်အဆောက်အဦ(လေးဘက်လှ) (၁၂)လုံး (၁၉၂) ယူနစ်၊ (၄) ခန်းတွဲ(၄) ထပ်အဆောက် အဦ (အတန်းလိုက်) (၁၂)လုံး (၁၉၂)ယူနစ်၊ စုစုပေါင်း (၃၁)လုံးယူနစ် (၈၀၄) ယူနစ်တည်ဆောက်သွားမှာဖြစ်သည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရွှေနံ့သာ အိမ်ရာအခြေအနေတို့ကို ကြည့်ရှု့စစ်ဆေးသည်။

ဆောင်ရွက်လျက်ရှိ

ယခုအခါ၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ်အတွင်း (၁၂)ခန်းတွဲ (၅)ထပ်အဆောက်အဦ (၅)လုံး တည် ဆောက်ခြင်း၊ Earth Cutting & Filling Work ဆောင်ရွက်ခြင်း၊ ၂၄ပေ အကျယ် (၁၀) လက္မထုနှင့် (၄၈)ပေအကျယ် (၁၀)လက္မထု ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

အထူးသတင်း
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •