ဒုတိယဝန်ကြီး ဦးအောင်လှထွန်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြန်/ဆက်ရုံးများနှင့် မင်းဘူးရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေး - ဒုတိယဝန်ကြီး ဦးအောင်လှထွန်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြန်/ဆက်ရုံးများနှင့် မင်းဘူးရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြန်/ဆက်ရုံးများနှင့် မင်းဘူးရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေး

Ministry of Information/ မင်းဘူး / June 13, 2019
image_latest


နေပြည်တော် ဇွန် ၁၂

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့တွင် မကွေး တိုင်းဒေသကြီးအတွင်းရှိ မကွေး၊ မင်းဘူး၊ အောင်လံမြို့နယ်များရှိ ပြန်/ဆက်ရုံးများနှင့် မင်းဘူးရုပ်သံထပ်ဆင့်လွှင့်စက်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် နံနက်ပိုင်းတွင်မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိပြီး တိုင်းဒေသ ကြီးဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းဦး၊ ဦးတင်နွယ်ဦး၊ ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ လာမည့်ပွင့်လင်းရာသီတွင် မကွေးမြို့၌ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပနိုင်ရန် လျာထားမှုနှင့် ဆောင်ရွက်နိုင်မှုအခြေအနေကို ညှိနှိုင်းဆွေးနွေးကာ မကွေးတက္ကသိုလ်အတွင်း ကွင်းဆင်း ကြည့်ရှုလေ့လာသည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ မင်းဘူးရုပ်သံထပ်ဆင့်လွှင့်စက်ရုံကို လည်းကောင်း၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် လူထုအခြေပြုဗဟိုဌာနအဖြစ် ဖွင့်လှစ်ဆောင်ရွက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးနှင့် ညနေပိုင်းတွင် အောင်လံ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သှူဆက်ဆံ ရေးဦးစီးဌာနရုံးတို့တွင် လူထုအခြေပြုဗဟိုဌာနအဖြစ် ဖွင့်လှစ်ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးများကို စစ်ဆေးစဉ် လူထု အခြေပြုဗဟိုဌာနများအဖြစ် ပြောင်းလဲဆောင်ရွက်လျက်ရှိရာ အများပြည်သူ ဝင်ထွက်သွားလာပြီး အသုံးပြု နိုင်ရန်အတွက် အဆောက်အအုံများ ကြံ့ခိုင်မှုကောင်းမွန် ရန်အပြင် သန့်ရှင်းသာယာလှပစေရေး စီမံ ဆောင်ရွက်ရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြောင်းလဲတိုးတက်နေသော အချိန်ကာလ၊ နည်းပညာရပ်များနှင့်အညီ လိုက်ပါပြောင်းလဲ ဆောင်ရွက်နိုင်ရန်၊ နယ်မြေဒေသဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မှုတွင် နိုင်ငံချစ်စိတ်ဖြင့် သတ်မှတ်လုပ်ငန်းတာဝန် များကို ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ စည်းလုံး ညီညွတ်မှုဖြင့် လုပ်ငန်းတာဝန်များကို ပျော်ရွှင်တက်ကြွစွာ ထမ်းဆောင်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

အထူးသတင်း
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •