ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော ဂျပန်စစ်သည်များ၏ ရုပ်ကြွင်းများ သိမ်းဆည်းမှုအကြောင်း သတင်းမှတ်တမ်းရိုက်ကူး - ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော ဂျပန်စစ်သည်များ၏ ရုပ်ကြွင်းများ သိမ်းဆည်းမှုအကြောင်း သတင်းမှတ်တမ်းရိုက်ကူး

ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော ဂျပန်စစ်သည်များ၏ ရုပ်ကြွင်းများ သိမ်းဆည်းမှုအကြောင်း သတင်းမှတ်တမ်းရိုက်ကူး

Ministry of Information/ မိုညှင်း / June 13, 2019
image_latest


မိုးညှင်း ဇွန် ၁၂

ဂျပန်နိုင်ငံ NHK သတင်းဌာနမှရိုက်ကူးရေးအဖွဲ့သည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ တွင် ကျဆုံးခဲ့သောဂျပန်စစ်သည်များ၏ ရုပ်ကြွင်းများအား ရှာဖွေသိမ်းဆည်းမှု ပြုလုပ်နေသည့် ဂျပန်နိုင်ငံသား Mr.Imoto ၏အကြောင်းကို ကချင်ပြည်နယ် မိုးညှင်း မြို့နယ် ကာဒူကျေးရွာတွင် ယနေ့နံနက်ပိုင်းက ရုပ်သံမှတ်တမ်းရိုက်ကူးသည်။

ထိုသို့ရိုက်ကူးရာတွင် အင်္ဂလိပ်နှင့် ဂျပန်တပ်များ တိုက်ပွဲဖြစ်ခဲ့သည့်နေရာများနှင့် ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တပ်များ တပ်စွဲခဲ့သည့်နေရာကို မိုးညှင်းမြို့နယ်ကာဒူကျေးရွာမှ အသက် ၈၉ နှစ်အရွယ်ရှိ ဦးကျော်စိန်က Mr.Imoto အား လိုက်လံပြသရှင်းလင်းခြင်းကို ရိုက်ကူးခဲ့သည်။ ဂျပန်နိုင်ငံသား Mr.Imoto သည် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များ၏ ရုပ်ကြွင်းများကို လွန်ခဲ့ သောခုနစ်နှစ်ခန့်မှစ၍ မြန်မာနိုင်ငံသို့ လာရောက်ရှာဖွေနေသူဖြစ်သည်။

၎င်းရိုက်ကူးရေးအဖွဲ့တွင် ဂျပန်နိုင်ငံသား သုံးဦးပါဝင်ပြီး ဇွန်၄ ရက်မှ ၁၈ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့သို့ သွားရောက်၍ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော ဂျပန်စစ်သည်များ၏ ရုပ်ကြွင်းများ သိမ်းဆည်းမှုအကြောင်းကို လာ ရောက် ရိုက်ကူးခြင်းဖြစ်ကာအဆိုပါ ရုပ်သံမှတ်တမ်းအား ဂျပန်နိုင်ငံ Khushu ကျွန်းရှိ ရုပ်သံလိုင်းတွင် ပြသမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •