တရုတ်-တောင်အာရှ မီဒီယာဖိုရမ် ကျင်းပ - တရုတ်-တောင်အာရှ မီဒီယာဖိုရမ် ကျင်းပ

တရုတ်-တောင်အာရှ မီဒီယာဖိုရမ် ကျင်းပ

Ministry of Information/ ​နေပြည်တော် / June 13, 2019
image_latest


ယွီရှီး (ကူမင်း) ဇွန် ၁၂

တရုတ်-တောင်အာရှ မီဒီယာဖိုရမ်ကို ယမန်နေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွီရှီးမြို့ Hilton Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် တရုတ်နိုင်ငံ၊ တောင်အာရှမှ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် အာဖဂန်နစ္စတန် နိုင်ငံ သတင်းဌာနများမှ တာဝန်ရှိသူများက မီဒီယာပူးပေါင်း ဆောင်ရွက်နေမှု၊ နိုင်ငံအလိုက် မီဒီယာဖွံ့ဖြိုးတိုးတက်မှု အတွက် ဆောင်ရွက်နေမှု၊ တရုတ်နိုင်ငံ၏ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများနှင့် ကဏ္ဍအသီးသီးတွင် ချိတ်ဆက်ဆောင်ရွက် နေမှု၊ သတင်းမီဒီယာများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သတင်းအချက်အလက်များပိုမိုရရှိလာကာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ စီးပွားရေးလုပ်ငန်း အခွင့်အလမ်းသစ်များ ပေါ်ထွန်း လာနိုင်ခြင်းတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ရှင်းလင်းပြောကြားကြသည်။

ဖိုရမ်သို့ တရုတ်နိုင်ငံအပါအဝင် တောင်အာရှမှ အာဖဂန် နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မော်လ်ဒိုက်၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာနှင့် အာဆီယံနိုင်ငံ သတင်းဌာန များမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့သည်။

ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် တရုတ်-တောင်အာရှ မီဒီယာဖိုရမ် စားပွဲဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့သည်။

ဇော်မင်းအောင်၊ စန္ဒာထွန်း

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •