မြန်မာ့အလှ၊ မြန်မာ့ယဉ်ကျေးမှုအခြေပြု ခရီးသွားမြှင့်တင်ရေးမှတ်တမ်း တရုတ်နိုင်ငံ ရုပ်သံလိုင်းအဖွဲ့ ရိုက်ကူး - မြန်မာ့အလှ၊ မြန်မာ့ယဉ်ကျေးမှုအခြေပြု ခရီးသွားမြှင့်တင်ရေးမှတ်တမ်း တရုတ်နိုင်ငံ ရုပ်သံလိုင်းအဖွဲ့ ရိုက်ကူး

မြန်မာ့အလှ၊ မြန်မာ့ယဉ်ကျေးမှုအခြေပြု ခရီးသွားမြှင့်တင်ရေးမှတ်တမ်း တရုတ်နိုင်ငံ ရုပ်သံလိုင်းအဖွဲ့ ရိုက်ကူး

Ministry of Information/ ​နေပြည်တော် / July 12, 2019
image_latest


ရန်ကုန် ဇူလိုင် ၁၁

 

“မြန်မာ့အလှ ၊ မြန်မာ့ယဉ်ကျေးမှု အခြေပြု ခရီးသွားမြှင့်တင်ရေးမှတ်တမ်း” ကို ယနေ့တွင် နေပြည်တော် ကောင်စီ နယ်မြေ၌ တရုတ်နိုင်ငံ ရှိန်ကျိန် ရုပ်သံလိုင်း ရိုက်ကူးရေးအဖွဲ့မှ ရိုက်ကူးမှု ပြုလုပ်သည်။

 

ထိုသို့ရိုက်ကူးမှုကို နေပြည်တော် ကောင်စီနယ်မြေရှိ ပုဗ္ဗသီရိမြို့နယ် ရာဇဌာနီ လမ်းတစ်လျှောက်နှင့် ပဒုမ္မာ ကြာပန်းအဝိုင်း၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီ ရုံးရှေ့ မျက်နှာစာတို့တွင် ရိုက်ကူးခြင်းဖြစ်ရာ သက်ဆိုင်ရာမှ ကူညီဆောင်ရွက်ပေး ကြသည်။

 

ထို့ပြင် ဇူလိုင် ၉ ရက် က ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မင်္ဂလာတောင်ညွန့် မြို့နယ်မှ ကန်တော်ကြီး ဥယျာဉ်၊ အလုံ မြို့နယ်မှ ဝိုက်တောဈေး၊ ရန်ကင်းမြို့နယ် မှ ကံဘဲ့ဘူတာ၊ ဒလမြို့နယ်မှ တံငါရွာ တို့တွင် လည်းကောင်း၊ ဇူလိုင် ၁၀ ရက်က ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ လူကူး တံတားပေါ်မှ မြို့အလှရှုခင်းနှင့် ဗိုလ်ချုပ် အောင်ဆန်းဈေး၊ ရန်ကုန်ဘူတာကြီး၊ တရုတ် ယဉ်ကျေးမှုစင်တာ၊ ပြည်သူ့ ရင်ပြင်၊ ရွှေတိဂုံ ဘုရားတို့တွင် လည်းကောင်း မှတ်တမ်းရိုက်ကူးခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်နှင့် မန္တလေးမြို့ ရှုခင်း များကိုလည်း ဇူလိုင် ၁၆ ရက်အထိ ဆက်လက်ရိုက်ကူးမည် ဖြစ်ကြောင်းနှင့် ယင်းခရီးသွား မြှင့်တင်ရေး မှတ်တမ်း အစီအစဉ်ကို တရုတ်နိုင်ငံ ရှိန်ကျိန့် ရုပ်သံလိုင်း တွင် ထုတ်လွှင့်ပြသရန် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

 

သတင်းစဉ်

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •