တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် မြန်မာနိုင်ငံ၏ ဒေသတွင်း မဟာဗျူဟာ တန်ဖိုး အလှည့်အပြောင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပမည် - တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် မြန်မာနိုင်ငံ၏ ဒေသတွင်း မဟာဗျူဟာ တန်ဖိုး အလှည့်အပြောင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပမည်

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် မြန်မာနိုင်ငံ၏ ဒေသတွင်း မဟာဗျူဟာ တန်ဖိုး အလှည့်အပြောင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပမည်

Ministry of Information/ ​နေပြည်တော် / July 12, 2019
image_latest


ရန်ကုန် ဇူလိုင် ၁၁

 

“တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် မြန်မာနိုင်ငံ၏ ဒေသတွင်း မဟာဗျူဟာ တန်ဖိုး အလှည့် အပြောင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင် ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန် မြို့ သိမ်ဖြူလမ်း သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း (ရုံးချုပ်)ရှိ ရွှေဥဒေါင်းခန်းမ၌ ကျင်းပမည် ဖြစ်သည်။

 

ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြန်မာ့ရေးရာ လေ့လာရေးအဖွဲ့ (Centre for Myanmar Affairs Studies)က မြန်မာ့ဒီမိုကရေစီအသွင် ကူးပြောင်းမှုလုပ်ငန်းစဉ်ကို အထောက်အပံ့ဖြစ်စေမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာများ တွင် ပြည်သူများ အကျိုး ဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ပုံမှန်ကျင်းပခြင်း ဖြစ်သည်။

 

ဆွေးနွေးပွဲတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းမ (China-Myanmar Economic Corridor- CMEC)ကို နှစ်နိုင်ငံအစိုးရများ၏ သဘောတူညီချက်ဖြင့် စတင်အကောင် အထည် ဖော်ခြင်းသည် မြန်မာနိုင်ငံ၏ ဒေသတွင်း မဟာဗျူဟာတန်ဖိုး အလှည့်အပြောင်းကို ဆောင်ကြဉ်းပေးနိုင်ကြောင်း တွေ့မြင်ရသဖြင့် ၎င်းအခွင့် အလမ်းကို အမိအရ ဆုပ်ကိုင်နိုင်ရန် ကြိုးစားသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ရပ်ဝန်း နှင့်လမ်းကြောင်း မဟာဗျူဟာစီမံကိန်း (Belt and Road Initiative-BRI) ဖော်ဆောင် မှုနှင့် မြန်မာ့ဒီမိုကရေစီ အသွင် ကူးပြောင်းမှုတို့ တိုက်ဆိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့မှ နှစ်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး အခွင့်အလမ်း စာမျက်နှာ သစ်ဖွင့်လှစ်ရန် ဖြစ်ပေါ် လာကြောင်း စသည်ဖြင့် ဆွေးနွေးကြ မည်ဖြစ်ရာ စိတ်ဝင်စားသူများ တက်ရောက်နိုင်ကြောင်း သိရသည်။

 

သတင်းစဉ်