ထပ်မံစစ်ဆေး ပေါ်ပေါက်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်မံ အမှုဖွင့်လှစ် အရေးယူ - ထပ်မံစစ်ဆေး ပေါ်ပေါက်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်မံ အမှုဖွင့်လှစ် အရေးယူ

ထပ်မံစစ်ဆေး ပေါ်ပေါက်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်မံ အမှုဖွင့်လှစ် အရေးယူ

Ministry of Information/ ​နေပြည်တော် / July 12, 2019
image_latest


နေပြည်တော် ဇူလိုင် ၁၁

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းနှင့်အဖွဲ့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ဝန်ဆောင်ခနှင့် တရားမဝင်သော အခြားအကျိုး ခံစားခွင့်များ ရယူနေခြင်းအား အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သည်။

 

 

တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းသည် D1A အရက်လိုင်စင် လျှောက်ထားရန်ကိစ္စနှင့် စပ်လျဉ်း၍ ယစ်မျိုး လိုင်စင် ရရှိသူများထံမှ ငွေကျပ် (၅)သိန်း၊ ခေါင်ရည်လိုင်စင် CFL-2 ကိစ္စကူညီရန် အတွက် ငွေကျပ် ၁၅၀၀ဝဝိ/-၊ သင်္ကြန်အတွက်ဟု အကြောင်း ပြ၍ ယစ်မျိုးလိုင်စင် ရရှိသူထံမှ ငွေကျပ် (၂)သိန်း တို့ကို လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲ သုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံ စစ်ဆေးပေါ်ပေါက် သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်မှ တရားစွဲဆိုရန် ဆောင်ရွက်လျက် ရှိသည့် ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ သီးခြားအမှုဖြင့် အရေးယူရန် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့မရဲစခန်းတွင် ပထမသတင်းပေး တိုင်ကြားချက် ထပ်မံဖွင့်လှစ်၍ တရားစွဲဆိုရန် ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။

 

(သတင်းစဉ်)

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ သီတင်းကျွတ်လအတွက် မီးထွန်းပွဲနှင့်ကြာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •