နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဆွစ်ဇာလန် ဖောင်ဒေးရှင်း တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ကျင်းပ - နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဆွစ်ဇာလန် ဖောင်ဒေးရှင်း တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ကျင်းပ

နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဆွစ်ဇာလန် ဖောင်ဒေးရှင်း တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ကျင်းပ

Ministry of Information/ ​နေပြည်တော် / July 12, 2019
image_latest


နေပြည်တော် ဇူလိုင် ၁၁

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဆွစ်ဇာလန် ဖောင်ဒေးရှင်း (Swiss Foundation For Development Cooperation-SWISSAID) တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ SWISSAID မှ Country Representative, Ms. Claire Elizabeth Light နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က အဖွင့်အမှာစကား ပြောကြားပြီး SWISSAID မှ Country Representative က နားလည်မှုစာချွန်လွှာပါ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းပြောကြား သည်။

 

ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် SWISSAID မှ Country Representative တို့က နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးကြသည်။

 

နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် SWISSAID တို့အကြား ပူးပေါင်း၍ ၂ဝဝ၁ ခုနှစ်မှ ယနေ့အချိန်အထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် Gender ကဏ္ဍ၊ လူထုအခြေပြု အသေးစား ငွေစုလုပ်ငန်း၊ အခြေခံ အဆောက်အအုံတည်ဆောက်ရေး လုပ်ငန်း စသည့် လူထုအခြေပြု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအဆင့် (၅) ဆင့်ကို SWISSAID ၏ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ (၈ ဒသမ ၅) သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့သည်။

 

ယနေ့ လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာအရ SWISSAID အနေဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လူထုအခြေပြု ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ဆဌမအဆင့်ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အမေရိကန် ဒေါ်လာ (၃) သန်းကျော်ဖြင့် ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်း ဒေသများရှိ မြို့နယ်ပေါင်း (၁၆)မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၉၅)ရွာမှ ဒေသခံတိုင်းရင်းသား ပြည်သူ (၃၄၃၆၀)တို့၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့ မည်ဖြစ်ကြောင်းနှင့် အဆိုပါ စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူ အဆင့်ဆင့်မှ ပူးပေါင်းဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ သီတင်းကျွတ်လအတွက် မီးထွန်းပွဲနှင့်ကြာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •