ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး အား လက်ခံတွေ့ဆုံ - ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး အား လက်ခံတွေ့ဆုံ

Ministry of Information/ ​နေပြည်တော် / July 12, 2019
image_latest


နေပြည်တော် ဇူလိုင် ၁၁

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်း သား လူငယ်လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှု စီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် အခြေ အနေ၊ နိုင်ငံတော်အစိုးရ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်း ဒုက္ခသည်များအား ပြန်လည်လက်ခံနိုင်ရေး၊ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ နှစ်နိုင်ငံ နယ်နိမိတ် ထိစပ်နေသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ် ရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ (၁) နှစ်လျှင် အမေရိကန်ဒေါ်လာ (၁၀) သန်းဖြင့် (၃) နှစ်အတွက် စုစုပေါင်း အမေရိ ကန်ဒေါ်လာ သန်း (၃၀) ထောက်ပံ့ကူညီပေးရေး ဆိုင်ရာကိစ္စနှင့် နှစ်နိုင်ငံ ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ သီတင်းကျွတ်လအတွက် မီးထွန်းပွဲနှင့်ကြာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •